Main menu

Background

တောင်ပေါ်မြေပြန့်စားသုံးသည့် မြန်မာ့ရေခိုျငါး 'ငါးမြစ်ချင်း'

Tue, 07/26/2011 - 08:01 -- Anonymous (not verified)

 တောင်ပေါ်မြေပြန့်စားသုံးသည့် မြန်မာ့ရေခိုျငါး 'ငါးမြစ်ချင်း'               မြန်မာနိုင်ငံ၏ ငါးမွေးမြူရေးတွင် ငါးမြစ်ချင်းငါးသည် အရေးပါလှသကဲ့ သို့ အဆိုပါငါးသည် မြန်မာ့ကျေးလက် နေပြည်သူများ (အထူးသဖြင့် တောင်ပေါ်ဒေသနေ ပြည်သူများအတွက်) ဈေးနှုန်းသက်သာ၍ ငါးစားသုံးမှုကို များစွာအထောက်အကူပြုလျက်ရှိပါ သည်။ နိုင်ငံတော်တွင် ရေသယံဇာတပေါြွကယ်ဝသည့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် ငါး အများဆုံးမွေးမြူသည့် ဒေသကြီးများ ဖြစ်ပါသည်။ ငါးမြစ်ချင်းငါးသည် ပြည်တွင်းစားသုံးမှု ဖူလုံပိုလံျှ၍ ပြည်ပ တင်ပို့သည့် နေရာတွင် (၂ဝ၁ဝ-၂ဝ၁၁) ဘဏ္ဍာရေးနှစ်၌ နိုင်ငံခြားသို့ ငါးမြစ် ချင်း ငါးတင်ပို့ရောင်းချမှုမှာ ၈၄၉၉၇ မက်ထရစ်တန်ဖြစ်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၈၉ သန်းကျော် ဝင်ငွေရရှိခဲ့ကြောင်းနှင့် ရေ ထွက်ပစ္စည်း အမယ်အလိုက် တင်ပို့မှုတွင် နံပါတ် (၁) အဆင့်ရှိပြီး နိုင်ငံခြား ဝင်ငွေ အများဆုံး ရရှိလျက်ရှိပါသည်။ ၎င်းငါးမြစ်ချင်းကို ရန်ကုန်မြို့ စံပြငါးဈေးကြီးမှတစ်ဆင့် တိုင်းဒေသကြီးအသီး သီး၊ ပြည်နယ် အသီးသီးသို့ သယ်ယူရာတွင် ရေခဲရိုက် ခြင်း(Chilled Type)စနစ်ဖြင့် သယ်ယူဖြန့်ဖြူး ရောင်းချလျက် ရှိရာ မြန်မာ့ကျေးလက်နေ ပြည်သူများ အတွက် ငါးအာဟာရ ဖြည့်တင်းပေးလျက်ရှိသော မြန်မာ့ရေချိုမွေးမြူရေးငါး အမယ်တစ်ခု ဖြစ်ပါသည်။ ငါးမြစ်ချင်းငါး၏ ဒေသ အလိုက် ဈေးနှုန်းများကို အသုံးပြုသည့် ရေခဲပမာဏ၊ သယ်ယူသည့် ခရီးအကွာ အဝေးအလိုက် ကွာခြားမှုများရှိသော် လည်း မြန်မာနိုင်ငံ ကျေးလက်ဒေသ ပြည်သူများအတွက် ငါးအာဟာရ ဖြည့် တင်းပေးနေသည့် အဓိကအရေးပါ သော ငါးအမယ် တစ်မျိုးဖြစ်ကြောင်း တွေ့ရှိရပါသည်။ တောင်ပေါ်မြေပြန့် လူမျိုးမရွေး ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူစားသုံးလျက်ရှိသော ငါးလည်း ဖြစ်ပါသည်။ ကျန်းမာရေး ရှုထောင့်မှကြည့်လျှင် ငါးအာဟာရ မှ ရရှိသည့် အိုမီဂါ-၃ အဆီဓာတ်ကြောင့် လူတို့၏ ကျန်းမာရေးကိုများစွာအထောက် အကူ ပြုကြောင်း သုတေသီတို့မှ လေ့လာ တွေ့ရှိခဲ့ကြပါသည်။ မြန်မာ့ကျေးလက် နေပြည်သူများ ဈေး နှုန်းသက်သာစွာ ဖြင့် စားသုံးလျက်ရှိသော မြန်မာရေချို ငါးတစ်မျိုးဖြစ်သော ငါးမြစ်ချင်း ငါး (အပြည်ပြည်ဆိုင်ရာငါးအခေါ်Rohu၊ သိပ္ပံအမည် Labeo rohita) ၏ ၂၂.၇.၂ဝ၁၁ ရက်နေ့ တိုင်းဒေသကြီး များနှင့် ပြည်နယ်အသီးသီးရှိ ဈေးကွက် တွင် ရောင်းချလျက်ရှိသော ၃၅ ကျပ် သားမှ ၄ဝ ကျပ်သား အရွယ်အစား ရှိ ငါးတစ်ပိဿာဈေးနှုန်းများကို ဇယားဖြင့် ဖော်ပြထားပါသည်။                 တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ငါးမြစ်ချင်းငါး၊ ဈေးအသက် သာဆုံး ဝယ်ယူစားသုံးနေသော တိုင်း မှာ ဧရာဝတီတိုင်း ဒေသကြီးဖြစ်ပြီး အဆိုပါ ငါးမြစ်ချင်း၊ ဈေးအကြီးဆုံး ဝယ်ယူစားသုံးနေရသော ပြည်နယ်မှာ ကချင်ပြည်နယ်  ဖြစ်ကြောင်း လေ့လာ တွေ့ရှိရပါသည်။ ငါးမြစ်ချင်းငါးများတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ရောင်းချသည့် ဈေးနှုန်းများနှင့် ဝင်ရောက်မှုအခြေအနေ(တစ်ပိဿာဈေးနှုန်း-ကျပ်)စဉ် တိုင်းဒေသကြီး/ပြည်နယ်       ရောင်းချသည့်တစ်ပိဿာဈေးနှုန်း     နေ့စဉ်ဝင်ရောက်မှုပိဿာချိန်၁ နေပြည်တော်ခရိုင်                              ၂၃ဝဝ                                     ၂၉၄၈၂ စစ်ကိုင်းတိုင်းဒေသကြီး                         ၁၆ဝဝ                                    ၃၃ဝဝ၃ တနင်္သာရီတိုင်းဒေသကြီး                        -                                             -၄ ပဲခူးတိုင်းဒေသကြီး                              ၁၅ဝဝ                                     ၅၇၁ဝဝ၅ မကွေးတိုင်းဒေသကြီး                         ၂၈ဝဝ                                    ၂၃ဝဝဝ၆ မန္တလေးတိုင်းဒေသကြီး                      ၂၂ဝဝ                                      ၇ဝဝဝ၇ ရန်ကုန်တိုင်းဒေသကြီး                        ၁၄ဝဝ                                   ၆၂၅၇ဝ၈ ဧရာဝတီတိုင်းဒေသကြီး                       ၁၂ဝဝ                                  ၂ဝဝဝဝ၉ ကချင်ပြည်နယ်                                 ၄ဝဝဝ                                  ၁၃၁ဝဝ၁ဝ ကရင်ပြည်နယ်                               ၁၅ဝဝ                                     ၅ဝဝဝ၁၁ ကယားပြည်နယ်                            ၃ဝဝဝ                                        ၅ဝ၁၂ ချင်းပြည်နယ်                                 ၁၆ဝဝ                                      ၃ဝ၁၃ မွန်ပြည်နယ်                                 ၁၇ဝဝ                                      ၄ဝဝ၁၄ ရခိုင်ပြည်နယ်                               ၁၅ဝဝ                                    ၁၇၃၇ဝ၁၅ ရှမ်းပြည်နယ်                                ၃ဝဝဝ                                      ၁၂၉၂၆