ဆန်ဈေးကွက် ပေါက်ဈေးထက် ပိုပေးကာဝယ်ယူမည့် ထိုင်းအစိုးရသစ်
ဆန်ဈေးကွက် ပေါက်ဈေးထက် ပိုပေးကာဝယ်ယူမည့် ထိုင်းအစိုးရသစ် ထိုင်းနိုင်ငံအစိုးရသစ်က လယ်သမားတွေဆီမှ ဆန်ကိုဈေးကွက်ပေါက်ဈေးထက်ပိုပေးကာဝယ်ယူမှာဖြစ်ကြောင်း ပြောကြား လိုက်ရာ ၎င်းသတင်းက ဆန်ထုတ်လုပ်သူတွေအတွက် သတင်းကောင်းဖြစ်ပေမဲ့လည်း အိမ်ဆိုင်သေးသေးလေးတွေ အနေနဲ့ စိတ်မချမ်းသာစရာသတင်းပဲဖြစ်ပါတယ်။ ဖြူထိုင်းပါတီက မဲဆွယ်ခဲ့စဉ်က စပါးတစ်တန်ကို ကန်ဒေါ်လာ ၅ဝဝ ကျော်နဲ့ ဝယ်ယူဖို့ ကတိကဝတ်ပေးခဲ့မှုက အာရှရဲ့ အဓိကသီးနံှအတွက် ဆူးငြောင့်ခလုတ် ပဲဖြစ်ပါတယ်။ စက်ရုံတွေမှ ဆန်ထုတ်ရောင်းဖို့ နှောင့်နှေးမှုက ဆန်ကြမ်းကိုရောင်းချပေးတဲ့ မိသားစုပိုင်စီးပွားရေး လုပ်ငန်းတွေအလား အခက်တွေ့စေခဲ့ပြီး ''ဆန်ဈေးနှုန်းတွေက အစိုးရသစ်ရဲ့ ဆန်ဈေးနှုန်းကတိကဝတ်အစီအစဉ် (rice price pledging scheme) ကြောင့် မြင့်တက်နေပြီဖြစ်ကြောင်း'' ဆန်ရောင်းတဲ့ အိမ်ဆိုင်ပိုင်ရှင် Worasak က ပြောကြားပါတယ်။လယ်သမားတွေက အစိုးရကို ဆန်ရောင်းချဖို့ ပိုမိုဈေးကောင်းရနိုင်တာကြောင့် ဆန်စက်တွေကို ဆန်ရောင်းချဖို့ တုံ့ဆိုင်းလျက်ရှိပါတယ်။ အစိုးရသစ်ရဲ့ စပါးတစ်တန်ကို ဘတ် ၁၅ဝဝဝ ပေးမဲ့ အစီအစဉ်ကြောင့် ယခုဆန်သိုလှောင်ထားမှုတွေက မကြာမီ ဈေးမြင့်မြင့်ရရှိဖို့ မျှော်မှန်းနေကြရာ ဆန်ဈေးနှုန်းတွေက ဆန်ကတိကဝတ်ပေးမဲ့ အစီအစဉ်ကို ကြေညာပြီးကတည်းက ဆန် ရောင်းချသူ အချို့က ဈေးအမြင့်နဲ့ ရောင်းချနေကြပါတယ်။ ဆန်ပြတ်လပ်နိုင်ခြေရှိမှုနဲ့ ဈေးမြင့်မှုကိုစိုးရိမ်ကာ အချို့စားသုံး သူတွေက ဆန်ကိုသိုလှောင်ထားဖို့ အလောတကြီး ဝယ်ယူလျက်ရှိတယ်။ စားသုံးသူတွေမှ မှန်ကန်မှုမရှိနိုင်တဲ့ သတင်းမျိုးစုံကြောင့် အကြောက်လွန်နေကြောင်း ထိုင်းဆန်တင်ပို့ သူများအသင်းဥက္ကဌ Korbsook Iamsuri ကပြောကြားလိုက်ပြီး ယခုအချိန်အခါက စားအုန်းဆီပြတ်လပ်မှု ဖြစ်ပေါ်ခဲ့ခြင်းမျိုးနဲ့ မတူနိုင် ကြောင်းနဲ့ မတူရတဲ့ အကြောင်းအရင်းမှာ ဈေးကွက်မှာ ဆန်ရောင်းလိုအား မြင့်မားတာကြောင့် ဆန်ပြတ်လပ်မှု ဖြစ်ပေါ်နိုင်မှာ မဟုတ် ကြောင်း Korbsook Iamsuri ကပြောကြားလိုက်ပါတယ်။ ဒီလိုဈေးတက်ခြင်းက လွန်လွန်ကဲကဲတုံ့ပြန်ခြင်းပဲဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနကလည်း ပြောကြား လိုက်ပါတယ်။ အစိုးရက ဆန်တန်ချိန် ၁ သန်းကျော်ကိုသိုလှောင်ထားပြီးဖြစ်ကြောင်းနဲ့ ယခုလမှာ ဆန်တန်ချိန် ၂ သန်းနီးပါးထွက်ရှိမှာဖြစ်ရာ ယခုလနဲ့ နောက်လအတွက် ဆန်ရောင်းလိုအား လုံလုံလောက် လောက်ရှိမှာဖြစ်တယ်။ ထိုင်းနိုင်ငံက ယခုနှစ်မှာ ဆန်တန်ချိန် ၁၂ သန်းနီးပါးတင်ပို့နိုင်ပြီး စံချိန်တင်နိုင်ကြောင်း သိရှိရပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံအနေနဲ့ ဆန်ပြတ်လပ်မှုလုံးဝကြုံတွေ့ရမှာ မဟုတ်ကြောင်းနဲ့ ပြည်တွင်းဝယ်လို အားထက် ဆန်နှစ်ဆလက်မှာ သိုလှောင်ထားလေ့ရှိကြောင်း Korbsook Iamsuri က ပြောကြားလိုက်တယ်။ ဆန်တင်ပို့နိုင်တဲ့အပြင် ပြည်တွင်းစားသုံးမှု အတွက်လည်း လုံလောက်ရုံသာမက ပိုလံျှနေသေးကြောင်း သိရှိရပါတယ်။ ဒါပေမဲ့ ထိုင်းဆန်ပို့ကုန်ဈေးနှုန်းနဲ့ သင်္ဘောတင်ပို့မှုက မြင့်တက်လာနိုင်ပြီး ထိုင်းဆန်ကို ပြည်ပမှာ ပိုမို ဈေးမြင့် စေမှာဖြစ်ကြောင်း ခန့်မှန်းထားပါတယ်။ အေးမွန်မွန်လှိုင်၊Source:channelnewsasia.com
