ဘင်္ဂလားဒေ့ရှ်က ဘာစမာတီမဟုတ်တဲ့ ဆန်တန်ချိန် ၅ဝဝဝဝ တင်သွင်းဖို့ တင်ဒါခေါ်
ဘင်္ဂလားဒေ့ရှ်က ဘာစမာတီမဟုတ်တဲ့ ဆန်တန်ချိန် ၅ဝဝဝဝ တင်သွင်းဖို့ တင်ဒါခေါ် ဘင်္ဂလားဒေ့ရှ်က ပြည်တွင်းဆန်သိုလှောင်ထားမှုကို ထပ်မံဖြည့်တင်းဖို့ ရည်ရွယ်ပြီး ဘာစမာတီမဟုတ် တဲ့ ဆန်တန်ချိန် ၅ဝဝဝဝ တင်သွင်းဖို့ ဇူလိုင်လ ၂၇ ရက်နေ့က တင်ဒါခေါ်ယူခဲ့တယ်။ တင်ဒါကို သြဂုတ်လ ၈ ရက်နေ့မှာ စတင်တင်သွင်းရမှာဖြစ်ပြီး သြဂုတ်လ ၁၆ ရက်နေ နောက်ဆုံး ထားကာ တင်ဒါလက်ခံမှာဖြစ်တယ်။ တင်ဒါအောင်တဲ့ နိုင်ငံ က စာခုျပ် ခုျပ်အပြီး ရက် ၄ဝ အကြာမှာ ဆန်တင်ပို့ရမှာ ဖြစ်ကြောင်း၊ ဆန်အတွက် အနိမ့်ဆုံးပေးတဲ့နှုန်းမှာ တစ်တန် ကို ကန်ဒေါ်လာ ၄၂၉ ဖြစ်ကြောင်း သိရတယ်။ ဘင်္ဂလားဒေ့ရှ် က ယခင်ဘဏ္ဍာနှစ် (၂ဝ၁ဝ ဇူလိုင်လမှ ၂ဝ၁၁ ဇွန်လအထိ) အတွင်း ဆန်နဲ့ ဂံျုတန်ချိန် ၅ ဒသမ ၃ သန်း ဝန်းကျင် တင်သွင်းခဲ့ရာ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်က တင်သွင်းခဲ့တဲ့ ပမာဏ ၃ သန်း ဝန်းကျင်ထက် ပိုမိုတင်သွင်းခဲ့ရပါတယ်။ ပပ၊Source:oryza.com
