ဇွန်လမှစ၍ ဦးမော့လာသော အာရှဆန်ဈေးနှုန်းများ အမြင့်ဘက်သို့သာ ဆက်တိုက်ဦးမော့လာ
ဇွန်လမှစ၍ ဦးမော့လာသော အာရှဆန်ဈေးနှုန်းများ အမြင့်ဘက်သို့သာ ဆက်တိုက်ဦးမော့လာ ဇွန်လမှစပြီး ဦးမော့လာတဲ့ အာရှဆန်ဈေးနှုန်းတွေက ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ ရွေးကောက် ပွဲအပြီးမှာ အမြင့်ဘက်ကိုသာ ဆက်တိုက်ဦးမော့ လာတယ်။ ပြည်ပမှ ဝယ်လိုအားမြင့်မားတဲ့ ဆန်ဖြူ ၂၅ မှတ်ရဲ့ဈေးနှုန်း တွေကတော့ ထိုင်း ဒေါ်လာ ၅ဝဝ၊ ဗီယက်နမ် ၄၈ဝ ဒေါ်လာ၊ အိန္ဒိယ ၄၂ဝ ဒေါ်လာ၊ ပါကစ္စတန် ၄၆၅ ဒေါ်လာ အသီးသီး ဖြစ်ပါတယ်။ ဒီဈေးနှုန်းတွေက ဇူလိုင်လဆန်းက ဈေးနဲ့ ယှဉ်ရင် တစ်တန်ကို အနိမ့်ဆုံး ၁၅ ဒေါ်လာမှ အများဆုံး ၄၅ ဒေါ်လာ ဈေးမြင့်လာတာ တွေ့ရပါတယ်။ ထိုင်းအစိုးရသစ်က လယ်သမားတွေထံက စပါး တစ်တန်ကို ကန်ဒေါ်လာ ၅ဝဝ အထက်ပေး ပြီးဝယ်ယူမယ်လို့ ကတိပေးခဲ့ခြင်း ၊ ဘင်္ဂလားဒေ့ရှ်မှ ဘာစမာတီ မဟုတ်တဲ့ ဆန် တန်ချိန် ၅ သိန်း ဝယ်ယူဖို့ တင်ဒါခေါ်ယူခြင်း၊ မြောက်ကို ရီးယားက ကမ္ဘောဒီးယား ဆန်ကို ဝယ်ယူလိုခြင်း၊ မလေးရှားနဲ့ အရှေ့တီမောမှ ဗီယက်နမ်ဆန်တန်ချိန် ၃၅ဝဝဝဝ ကို ဝယ်ယူဖို့ စာချုပ်ချုပ်ဆိုခဲ့ခြင်း ၊ အိန္ဒိယစားနပ် ရိက္ခာဝန်ကြီးက အနိမ့်ဆုံးတင်ပို့မှုနှုန်းထားကို ကန်ဒေါ်လာ ၄ဝဝ အစား ၅ဝဝ ဒေါ်လာ သတ်မှတ်ပေးဖို့ တောင်းဆိုထားခြင်းတို့ကြောင့် အာရှ ဆန်ဈေးနှုန်းကို မြင့်မားစေတယ်လို့ သုံးသပ်ရပါတယ်။ ပပ Source:oryza.com, riceonline.com
