Main menu

Background

မုံရွာပဲစင်းငုံအရောင်းအဝယ် နိမ့်တုံမြင့်တုံ

Sun, 07/31/2011 - 05:07 -- Anonymous (not verified)

မုံရွာပဲစင်းငုံအရောင်းအဝယ် နိမ့်တုံမြင့်တုံ               ဇူလိုင်လကုန်ပတ် မုံရွာကုန်စည်ဒိုင် ပဲစင်းငုံနီဈေးကွက်အနေနဲ့ ဝယ်သူခန့်မှန်း မရလောက်အောင် ဈေးကွက်အေးနေခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ရန်ကုန်ဝယ်လက်အနည်းငယ်ဆွဲသလို ဒေသတွင်း ဝယ်လက်လည်း အနည်းငယ်ရှိ ခဲ့ပြီး အနည်းဆုံးအရောင်းအဝယ်ဖြစ်တဲ့နေ့မှာ အိတ် ၂ဝဝ မှ ၃ဝဝ ခန့်နဲ့ အများဆုံး အရောင်းအဝယ်ဖြစ်တဲ့နေ့မှာ အိတ် ၂ဝဝဝ၊ ၃ဝဝဝ အထိရှိခဲ့တယ်လို့ ကုန်စည်ဒိုင် ရပ်ကွက်က ကြားသိရပါတယ်။ ယခုတစ်ပတ်ပေါက်ဈေးအားဖြင့် တစ်တင်း ၁၂၅ဝဝ ကျပ်မှ အမြင့်ဆုံး တစ်တင်း ၁၃၇ဝဝ ကျပ်ထိသာ တက်ဈေးဖြစ်ခဲ့တယ်လို့ ဈေးကွက် က ဆိုပါတယ်။                     ထွန်းလှိုင်