Main menu

Background

အရောင်းအဝယ်အေးလာတဲ့ မြေထောက်ပဲ

Sun, 07/31/2011 - 05:14 -- Anonymous (not verified)

အရောင်းအဝယ်အေးလာတဲ့ မြေထောက်ပဲ                    အရောင်းအနည်းငယ်တက်လာ ရန်ကုန်တိုင်းဒေသကြီး ဘုရင့် နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ထောပတ်ပဲနဲ့ မြေထောက်ပဲတို့ အရောင်းအဝယ် စာချုပ် ချုပ်နိုင်မှုဟာ ယခင်အပတ်များက လျော့နည်းလာရာ မှ ယခုအပတ် ဇူလိုင် ၂၂ မှ ၂၈ ရက် အတွင်း ထောပတ်ပဲ တန် ၁ဝဝ ဝန်း ကျင်၊ မြေထောက်ပဲ တန် ၂၇ဝ ကျော် ရောင်းဝယ်နိုင်ခဲ့ပါတယ်။ ယခင်အပတ် ဇူလိုင် ၁၆ ရက်မှ ၂၁ ရက်အတွင်း ထောပတ်ပဲတန် ၂၇ဝ ခန့်၊ မြေ ထောက်ပဲ တန် ၂ဝ ရောင်းဝယ်နိုင်တာ ကြောင့်မြေထောက်ပဲ အရောင်းတက် လာတယ် ဆိုရမှာ ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးများအနေနဲ့ ယခင် သီတင်းပတ်များအတိုင်း ဇူလိုင် ၂၈ ရက်မှာလည်း ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၅ဝ-၇၈ဝ၊ မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ဖြစ်ကြောင်း သိရပါတယ်။            MIRT-MAPT