Main menu

Background

ရန်ကုန် ပဲတီစိမ်းဈေးကွက် ယခုတစ်ပတ်ဈေးငြိမ်ပြီး ပုံမှန်အရောင်းအဝယ်ဖြစ်

Sun, 07/31/2011 - 05:16 -- Anonymous (not verified)

ရန်ကုန် ပဲတီစိမ်းဈေးကွက် ယခုတစ်ပတ်ဈေးငြိမ်ပြီး ပုံမှန်အရောင်းအဝယ်ဖြစ်                ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် ၤဥြ ဈေးကွက်မှာ ယခုအပတ် ဇူလိုင် ၂၂ ရက်မှ ၂၈ ရက် ပဲတီစိမ်းတန် ချိန် ၄၄ဝဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ပဲတီစိမ်းရွှေဝါ တန် ၃၃ဝဝ ကျော် ပါဝင်ပါတယ်။ ယခင်အပတ်ကလည်း ပဲတီစိမ်းတန် ၄၄ဝဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့လို့ ဈေးငြိမ်ပြီး ပုံမှန်အရောင်းအဝယ်ရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အိန္ဒိယဘက်မှ အညာရွှေဝါကို FOB ဈေး တစ်တန် ကန်ဒေါ်လာ ၇၃ဝ အဝယ်ရှိသော်လည်း ပုံမှန်စခေါ်ဈေးမှာ FOB ဈေး တစ်တန်ကန်ဒေါ်လာ ၈ဝဝ ဖြစ်၍ ယခုအပတ်တွင် ကြိုက်ဈေးရလို့ အရောင်းအဝယ် ဖြစ်ခဲ့ပြီး အညာရွှေဝါ အစကောင်းများကို FOB ဈေး တစ်တန် ကန်ဒေါ်လာ ၈ဝဝ-၈၂ဝ ဖြင့် ဝယ်ယူမှုရှိကြောင်း သိရပါတယ်။                                                         ဒေါ်လာ/ တန်                     ပဲတီစိမ်းအညာ      ပဲတီရွှေဝါအသေး     ပဲတီရွှေဝါအကြီး၂၈-၇-၁၁         ၇၈ဝ-၈ဝဝ            ၁ဝ၅ဝ-၁ဝ၇ဝ         ၁၁၅ဝ-၁၁၇ဝ၂၁-၇-၁၁         ၈ဝဝ-၈၂ဝ            ၁ဝ၅ဝ-၁ဝ၇ဝ         ၁၁၅ဝ-၁၁၇ဝMIRT(MAPT)