Main menu

Background

မူဆယ်နယ်စပ်မှ အများဆုံးတင်ပို့နေရတဲ့ ပဲတီစိမ်း

Sun, 07/31/2011 - 05:18 -- Anonymous (not verified)

မူဆယ်နယ်စပ်မှ အများဆုံးတင်ပို့နေရတဲ့ ပဲတီစိမ်း                  ဇူလိုင်လ ၂ဝ ရက်မှ ၂၆ ရက်ထိ ကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ  တစ်ဘက်နိုင်ငံသို့ ကန်ဒေါ်လာ ၂၁ ဒသမ ၉၈၄ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၂၃၈၁ဝ တန်ကျော် အပို့ရှိခဲ့ပါတယ်။ မူဆယ် နယ်စပ်မှ တစ်ဆင့် တစ်ဖက်နိုင်ငံသို့ ယခုအပတ်အတွင်း လယ်ယာထွက်ကုန်ထဲမှာ ပဲတီစိမ်းကို အများဆုံးတင်ပို့နေတာဖြစ်ပြီး ယခုအပတ်အတွင်း တစ်နေ့ ပျမ်းမျှ တန်ချိန် ၃၄ဝဝ ကျော်ခန့် တင်ပို့နေတာဖြစ်ပါတယ်။ ယခင်အပတ်ကထက် ၁၈၁၅၆ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဇူလိုင်လ ပထမပတ်မှ တတိယပတ် ၂၆ ရက်ထိကာလအတွင်း နယ်စပ်မှ ပဲတီစိမ်း ၄၁၂၈၅ တန် တင်ပို့ထားပြီးဖြစ်ပါတယ်။ မြေပြင်ပေါက်ဈေးများကို ကြည့်တဲ့အခါ တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှုမရှိပေမဲ့ မိမိဘက်ဈေး ကျပ် ၁၂ဝဝဝ ဝန်းကျင် ဈေးလျော့လျက်ရှိနေပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                     မိမိဘက်(ကျပ်/တန်)                        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                 ယခု             ယခင်       ပြောင်းလဲမှု      %       ယခု        ယခင်      ပြောင်းလဲမှု       %ပဲတီစိမ်း     ၆၂၇၉၂၉     ၆၄ဝ၂ဝ၉      ၁၂၂၈ဝ        ၂        ၉၂၈          ၉၂၈              -            -MIRT (DOBT)