Main menu

Background

ယခုတစ်ပတ် ကုလားပဲဖြူလုံးကြီး အရောင်းအဝယ်တက်လာ

Sun, 07/31/2011 - 05:26 -- Anonymous (not verified)

ယခုတစ်ပတ် ကုလားပဲဖြူလုံးကြီး အရောင်းအဝယ်တက်လာ                   ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် FOB ဈေးကွက်မှာ ယခုအပတ် ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်အတွင်း ကုလားပဲ တန် ၆၅ဝဝ ကျော် အရောင်းအဝယ် ဖြစ်ခဲ့ရာမှ ကုလားပဲဖြူလုံးကြီးက တန် ၆၅ဝဝ ပါဝင်တယ်လို့ သိရပါတယ်။ ယခင် အပတ် ဇူလိုင် ၁၆ ရက်မှ ၂၁ ရက် ကုလားပဲအရောင်းတွင်လည်း ကုလားပဲဖြူလုံး ကြီး တန် ၁၈ဝဝ ခန့် ပါဝင်တာကြောင့် ယခုအပတ်မှာ အရောင်းအဝယ်ပမာဏ များလာသလို ဈေးလည်းမြင့်လာကြောင်း သိရပါတယ်။                    အိန္ဒိယမှ သြစတြေးလျ V2  အစား မြန်မာ V2  ကိုလှည့်ဝယ်လာခြင်းနဲ့ နယ်ပစ္စည်းလက်ကျန်လည်း မရှိသလောက်ဖြစ်နေတာကြောင့် ဈေးခိုင်မာခြင်းဖြစ်တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင် ဇူလိုင် ၂၁ ရက်တွင် FAQ တစ်တန် ကန်ဒေါ်လာ ၈၇ဝ-၈၉ဝ ရှိရာမှ ယခုတစ်ပတ် ဇူလိုင် ၂၉ ရက်တွင်း FAQ တစ်တန် ကန်ဒေါ်လာ ၉၃ဝ-၉၅ဝ ရှိကြောင်း သိရပါတယ်။          MIRT - MAPT