Main menu

Background

ဝယ်လိုအားကောင်းမွန်မှုကြောင့် ငရုတ်ကောင်းဈေးတက်

Sun, 07/31/2011 - 06:12 -- Anonymous (not verified)

ဝယ်လိုအားကောင်းမွန်မှုကြောင့် ငရုတ်ကောင်းဈေးတက်                   အိန္ဒိယနိုင်ငံ NCDEX ကြိုပွိုင့်ရောင်းဝယ်ရေးမှာ ဝယ်လိုအားကောင်းမွန်မှု ကြောင့် ငရုတ်ကောင်း ဈေးနှုန်းတွေ တက်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။ ငရုတ်ကောင်းတစ်ကွင်တယ်ကို ရူပီး ၁၉၅ တက်သွားကာ ရူပီး ၂၈၇၅ဝ (တစ်တန်ကို ကန်ဒေါ်လာ ၆၄၆၇ ဒသမ ၉၄) နဲ့ ခုျပ်ဆိုခဲ့ပါတယ်။                     အိန္ဒိယပြည်တွင်းဈေးကွက်မှာ ရောင်းလိုအားတင်းကျပ်နေချိန်မှာ ဝယ်လိုအား ကောင်းမွန်မှုက ရေရှည်မှာ ပြည်တွင်းဈေးကွက်ကို ခြိမ်းခြောက်လျက်ရှိတယ်။ နိုင်ငံ များစွာမှာ ရာသီဥတုအခြေအနေဆိုးရွားမှုနဲ့ ပိုးမွှားကျ ရောက်မှုတို့ကြောင့် ကမ္ဘာ့ငရုတ်ကောင်းထုတ်လုပ်မှုက ယခင်နှစ်က တန်ချိန် ၃၁ဝဝဝဝ မှ ယခုနှစ်မှာ တန်ချိန် ၆၅ဝဝ နီးပါး ကျဆင်းသွားနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာငရုတ်ကောင်း အဖွဲ့အစည်းက ခန့်မှန်းလိုက်တယ်။                    ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွက် အိန္ဒိယရဲ့ ငရုတ်ကောင်းထုတ်လုပ်မှုက လည်း တန်ချိန် ၄၈ဝဝဝ ကျော်ထွက်ရှိနိုင်ကြောင်းနဲ့ ယခင်နှစ်က တန်ချိန် ၅ဝဝဝဝ ထွက်ရှိခဲ့ကြောင်း သိရှိရပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံ ငရုတ်ကောင်းစိုက်ပျိုးတဲ့ ဒေသတွေမှာ မိုးရွာသွန်းမှုနဲ့ ပိုးမွှားကျရောက်မှုကြောင့် မျှော်မှန်းထားတာထက် လျော့နည်းထွက်ရှိနိုင်ကြောင်း သုံးသပ်ထားတယ်။ အိန္ဒိယရဲ့ နှစ်စဉ် ပြည်တွင်း စားသုံးမှုလိုအပ်ချက်မှာ တန်ချိန် ၅ဝဝဝဝ နီးပါးရှိကြောင်း ဈေးကွက်ရင်းမြစ်များအရ သိရှိရတယ်။                     ယခုနှစ် ဇန်နဝါရီလမှ မေလအတွင်း ဗီယက်နမ်က ငရုတ်ကောင်း တန်ချိန် ၇၈ဝဝဝ ကိုတင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၄၂ဝ သန်းရရှိခဲ့တယ်။ ယခုနှစ်အတွက် ဗီယက်နမ်က ယခင်နှစ်အလားတူ ငရုတ်ကောင်းတန်ချိန် ၁ဝဝဝဝဝ မှ ၁၁ဝဝဝဝ ကြားထွက်ရှိမယ်လို့ ဗီယက်နမ်ငရုတ်ကောင်းအသင်းက ခန့်မှန်းလိုက်ပါတယ်။ အေးမွန်မွန်လှိုင်၊Source:commodityonline.com