ဥရောပနှင့် အမေရိကန် ေြွကးမြီအကျပ်အတည်းများကြောင့် ၂ဝ၁၁ နှစ်ကုန်ပိုင်းတွင် ရွှေတစ်အောင်စလျှင် ဒေါ်လာ ၁၈ဝဝ အထိ ရောက်ရှိနိုင် အမေရိကန်အစိုးရရဲ့ အြွေကးသက်တမ်းတိုးမြှင့်ရေး ညှိနှိုင်းဆွေးနွေးမှု သဘောတူညီမှု မရနိုင်သေးရာ ဇူလိုင် ၂၅ ရက်မှာ ကမ္ဘာ့ရွှေဈေးနှုန်း မှတ်တမ်း တင်ဖွယ် ထပ်မံမြင့်မားခဲ့တယ်။ စင်ကာပူစံတော်ချိန် နေ့ခင်း ၃းဝ၇ နာရီက ချက်ချင်း အရောက်ပို့ ရွှေဈေးနှုန်းက တစ်အောင်စကို ၁ ဒသမ ၄ ရာခိုင်နှုန်း မြင့်မားကာ ၁၆၂၄ ဒသမ ဝ၇ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ သြဂုတ်လအရောက်ပို့ ရွှေမှာ တစ်အောင်စကို ၁၆၂၄ ဒသမ ၃ဝ ဒေါ်လာနဲ့ နယူးယောက်မှာ အရောင်း အဝယ်ဖြစ်ခဲ့ရာ အမြင့်ဆုံး ရွှေဈေးနှုန်းအဖြစ် စံချိန်တင်ခဲ့တယ်လို့ သိရတယ်။ ယခုနှစ်အတွင်း ဥရောပနဲ့ အမေရိကန်ေြွကးမြီအကျပ်အတည်းတွေကြောင့် ရွှေဈေးနှုန်း ၁၄ ရာခိုင်နှုန်းမြင့်မားခဲ့တယ်။ ၂ဝ၁၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ ရွှေတစ် အောင်စကို အမေရိကန်ဒေါ်လာ ၁၈ဝဝ အထိ ရောက်ရှိနိုင်တယ်လို့UBS AG မှ ဓနဥစ္စာစီမံခန့်ခွဲမှု သုတေသနဌာန ညွှန်ကြားရေးမှူး Dominic Schnider က ပြောကြားတယ်။ ဂရိမှာ စတင်ခဲ့တဲ့ ဥရောပဒေသငွေကြေးအကျပ်အတည်းက ပံျ့နံှ့သွားနိုင် ဖွယ်ရှိတယ်လို့ ယူဆလာကြရာ ဇူလိုင် ၂ဝ ရက်က ရင်းနှီးမြှုပ်နံှသူတွေက Exchange-traded products (အမျိုးသားစတော့အိတ်ချိန်းမှာ တစ်နေ့တာအတွင်း ရောင်းဝယ်မှုပြုသော အစုရှယ်ယာလက်မှတ်)မှာ ရွှေဝယ်ယူထားမှု တန်ချိန်က ၂၁၂၂ ဒသမ ၆ တန်အထိ ရောက်ရှိစံချိန်တင်ခဲ့တယ်လို့ သိရတယ်။ Source:bloomberg.com,ပပ
Background