Main menu

Background

လျှပ်စစ်ဓာတ်အား သုံးစွဲမှု လျှော့ချနိုင်မဲ့ LED မီးချောင်းများ

Sun, 07/31/2011 - 08:41 -- Anonymous (not verified)

လျှပ်စစ်ဓာတ်အား သုံးစွဲမှု လျှော့ချနိုင်မဲ့ LED မီးချောင်းများ                နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို အကောင် အထည်ဖော် ဆောင်ရွက်ရာမှာ လျှပ်စစ်ဓာတ်အား ဟာ မရှိမဖြစ် သုံးစွဲရမယ့် ကုန်ထုတ်စွမ်းအားစုတစ်ခုပဲဖြစ်ပါတယ်။ အဲဒီကုန် ထုတ် စွမ်းအားစု မြင့်မားလာတာနဲ့အမျှ နိုင်ငံတစ်ဝန်း စီးပွားရေးလုပ်ငန်း များဟာ ပိုမိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ အတွက် တစ်ဖက်က ကုန်ထုတ်စွမ်းအားစု တွေကို ပိုမိုတိုးတက်အောင် လုပ်ဆောင်လျက်ရှိ နေပေမယ့် တစ်ဖက် က သုံးစွဲမှုပမာဏ များပြားနေမယ်ဆိုရင်တော့ ဝန်နဲ့အား မျှခြေမှာ မရှိတဲ့အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ နှောင့်နှေးမှု တွေဖြစ်ပေါ်လာမှာအမှန်ပါ။                   ဒါကြောင့်လည်း ပြည်တွင်းက တီထွင်သူများဟာ ကုန်ထုတ်စွမ်း အားစုတွေ တိုးမြှင့်ထုတ်လုပ်နိုင်ဖို့ နိုင်ငံတော် အတွင်း လျှပ်စစ်ဓာတ် အားတွေ ချွေတာနိုင်ဖို့အတွက် အဖက်ဖက်က စဉ်းစားပြီး လုပ်ဆောင် လျက်ရှိကြပါတယ်။ LED Japan ပြပွဲ                   မကြာသေးခင်ကပဲ ဂျပန်နိုင်ငံမှာ LED JAPAN Strategies in Light 2011  ပြပွဲတစ်ရပ်ကိုကျင်းပပြီး LED မီးချောင်း မီးသီးတွေကို အသုံးပြုဖို့နဲ့ ပြည် ပနိုင်ငံအများအပြားကို အဆင့်မြင့် LED မီးသီးတွေ တင်ပို့နိုင်ရေးအတွက် ဆွေးနွေးပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့တာကို အင်တာနက် ဝက်ဘ်ဆိုက်တစ်ခုမှာ ဖတ်လိုက်ရပါတယ်။ အဲဒီသတင်းကြောင့် LED မီးသီး တွေဟာ ခေတ်နဲ့အညီဖွံ့ဖြိုး တိုးတက်နေပြီဆိုတာကို သိရှိခဲ့ရပါတယ်။LED  မီးသီးတွေဟာ ယခင်က စာဖတ်လို့မရတဲ့ အပြင် ကြာရှည်ကြည့်ပါက မျက်စိပျက် တဲ့အထိ ဖြစ်နိုင်တာမို့ LED  မီးသီးတွေကို အလှမီးထွန်းခြင်း၊ ဘုရားမီ ပူဇော်ခြင်း၊ မီးမလာသည့်အခါတွင် အလင်းရောင်ရရှိစေရန် ထွန်းညှိ ခြင်းစတဲ့နေရာတွေမှာသာ အသုံးများခဲ့ပါတယ်။                      ဒါပေမယ့်လည်း ဒီနေ့ဒီအချိန်မှာတော့ တိုးတက်ထွန်းကားလာ တဲ့ နည်းပညာတွေကြောင့် LED မီးချောင်းမီးသီးတွေဟာ စာဖတ်လို့ ရတဲ့အထိ တိုးတက်လာခဲ့ပါပြီ။ ကမ္ဘာ့နိုင်ငံအတော်များများမှာ ဒီ LED  မီးသီးတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့အတွက် LED   မီးသီးဈေးကွက်ဟာ မြန်မာနိုင်ငံအတွင်းကို စိမ့်ဝင် ပံျ့နံှ့ဝင် ရောက် လာခဲ့ပါပြီ။ အရင်က LED မီးသီး                 ယခင်က မြန်မာနိုင်ငံကိုဝင်ရောက် လာတဲ့ LED  မီးသီးတွေဟာ အဆင့်နိမ့် LED မီးသီးတွေဖြစ်တာကြောင့် အလင်းရောင် ရရှိဖို့ တစ်ခုအတွက်သာ အသုံးဝင်ခဲ့တာကိုတွေ့ရှိခဲ့ရပါတယ်။ LED မီးသီး တွေဟာ သဘာဝအရ မီးအားစားသက်သာစေတာမို့ ဒီ LED  မီးသီး တွေကိုအသုံး ပြုပြီး မီးချောင်းအသွင်သဏ္ဍန်နဲ့ အသုံးပြုခဲ့ကြပါတယ်။ ၁၄ဝပ်သာရှိတဲ့ LED မီးချောင်းဟာ ဝပ် ၄ဝရှိတဲ့ လေးပေမီး ချောင်းတစ်ချောင်းရဲ့ အလင်းရောင်ရရှိမှုပမာဏ ညီမျှပါတယ်။ အလင်းရောင် ရရှိမှုပမာဏညီမျှပေမယ့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုပမာဏမှာ တော့ အများကြီး ကွာဟနေတာကို တွေ့ရပါတယ်။                   LED မီးချောင်းတစ်ချောင်းကို ၂၄ နာရီအပြည့် မီးထွန်းပါက မီတာခကျသင့်ငွေမှာ ၇ကျပ် ၂ဝပြားသာကျသင့်ပြီး သာမန်လေးပေ မီးချောင်း တစ်ချောင်းကို တစ်နေ့တာပတ်လုံးထွန်းထားပါက မီ တာခ ကျသင့်ငွေမှာ ၂၆ကျပ် ၄ဝပြား ကျသင့်မှာဖြစ်တဲ့အတွက် ငွေကုန် ကြေးကျသက်သာတဲ့အပြင် လျှပ်စစ်ဓာတ်အားကိုလည်း သက်သာ စေမှာ ဖြစ်ပါတယ်။                  LED မီးချောင်းအရေအတွက် သုံးစွဲမှုများလာပါက ကုန်ကျ စရိတ်မှာ သိသိ သာသာ များလာတာကိုလည်းတွက်ချက်မှုများအရ သိရှိရပါတယ်။ LED မီးချောင်းဟာ သာမန်မီးချောင်းထက်ဈေး က အဆ ၂ဝ ကွာဟတဲ့အတွက် သုံးစွဲသူများဟာ ချိန်ဆနေရတယ်လို့ ဆိုပါတယ်။ ကနဦး ကုန်ကျစရိတ်ရှိ                    ''ဒီ LED မီးချောင်းကို ထွန်းရင် မီ တာခသက်သာတယ် ဆိုပေ မယ့် သူရဲ့ ကနဦးတပ်ဆင်ခလို့ ခေါ်ရမှာပေါ့။ မီး ချောင်းရဲ့မူလတန်ဖိုး ကသာမန်မီးချောင်းတွေထက် အဆ ၂ဝလောက်ကွာနေတဲ့ အခါကျ တော့သုံးဖို့က နည်းနည်းစဉ်းစားနေရတယ်။ အိမ်တစ်အိမ်မှာ အနည်း ဆုံး မီးချောင်းငါးချောင်းတပ်မယ် ဆိုရင်တောင် တစ်သိန်းလောက်ကျ နေပြီဆိုတော့ ဒီ LED  မီးချောင်းဈေးကွက်က မထင်ပေါ်တော့ ဘူးပေါ့။ ဒီထက် ဈေးနည်းနည်းလောက် လျှော့ပေးနိုင်မယ်ဆိုရင် တော့ ပိုပြီးအဆင်ပြေနိုင်လိမ့်မယ်လို့ထင်တယ်''ဟုလျှပ်စစ်ပစ္စည်းများ ရောင်းဝယ်ရေးဈေးကွက် အတွင်းမှ ပြောစကားများအရ သိရပါတယ်။ LED မီးချောင်းကို မြန်မာနိုင်ငံမှာ တပ်ဆင်ထုတ်လုပ် ဖြန့်ဖြူး ရောင်းချလျက်ရှိတဲ့ FUDAK Electronic မှ တာဝန်ရှိသူများနဲ့ တွေ့ဆုံပြီး ဒီ LED မီးချောင်း ထုတ်လုပ်နေမှု၊ ဈေးကွက်သို့ရောက်ရှိ နေမှုများကို ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ LED  မီးသီးတွေကို သုံးစွဲခဲ့တာဟာ ၂ဝဝ၈ခုနှစ် နာဂစ်မုန်တိုင်းကာလ အလွန်မှာ ဖြစ်တည်ခဲ့တာပါ။ မုန်တိုင်း ကာလလွန်မြောက်ချိန်မှာ လျှပ်စစ်ဓာတ် အား လုံလောက်စွာမရရှိခဲ့တာမို့ ပြည်သူများဟာ တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ LED  မီးသီးတွေကို အသုံးပြုထားတဲ့ မီးအိမ်တွေကို လျှပ်စစ်မီး မရရှိချိန်မှာအသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ FUDAK Electronic  မှ မန်နေဂျာ ဦးမင်းသိန်းက''ကျွန်တော် တို့အနေနဲ့ဒီ LED မီးချောင်းကို ထုတ်လုပ်နိုင်ဖို့အတွက် ကျွန်တော်တို့ ဒီ မြန်မာနိုင်ငံမှာ မီးတွေ ခဏခဏပြတ်တဲ့အချိန်တုန်းက အင်ဗာတာ တို့၊ မီးစက်တို့သုံးရတဲ့အချိန်မှာ သာမန်မီးချောင်းတွေဟာ မီးအား အဝင်မမှန်တာတို့ မီးအားစားတာတို့အဲဒါမျိုးတွေဖြစ်တဲ့အခါကျ တော့ ဆုံးရှုံးမှုတွေ အများကြီးဖြစ်တယ်။ အဲဒါနဲ့ ဒီ LED မီးချောင်းကို စမ်းသပ်ပြီး ထုတ်လုပ်ခဲ့တာပါ''လို့ မြန်မာနိုင်ငံရဲ့ LED  မီးချောင်း ထုတ်လုပ်မှုအစ ပထမကို ရှင်းပြခဲ့ပါတယ်။                 နာဂစ်လွန်ကာလ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ LED မီးသီး တွေဟာ အရည်အသွေးမပြည့်ဝတာကြောင့် စာဖတ်၍မရဘဲ မျက်စိ တအားစူးခြင်း၊ အလင်းရောင်ရရှိမှုမမျှတခြင်းတို့ ဖြစ်ခဲ့တဲ့အတွက် လူအများဟာ ဒီ LED မီးသီး ကို စိတ်ဝင်စားမှု လျော့နည်းလာကြပါတယ်။LED မီးသီးရဲ့ လင်းအားစူးရှမှု ဒဏ်ကို ခံစားရတဲ့အတွက်လည်း ဒီ LED မီးသီးကို စိတ်မဝင်စားကြတာပါ။ ဒါပေမယ့်လည်း တိုးတက် လာတဲ့နည်းပညာများကူနီမီးသီးရဲ့အရည်အသွေးကို မြှင့်တင်ပေး လိုက်နိုင်တာကြောင့် ဒီနေ့ကမ္ဘာမှာ LED မီးချောင်း မီးသီးဈေးကွက် ဟာ ပထမတန်းစားအဆင့်ကို ရောက်ရှိလာပါပြီ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း              LED မီးသီးတွေဟာ သာမန်မီးသီး မီးချောင်းများလို ဓာတ်ငွေ့ ကိုသုံးထားခြင်းမဟုတ်တဲ့အတွက် သဘာဝပတ်ဝန်း ကျင်ညစ်ညမ်းမှု ကို များစွာလျှော့ချပေးနိုင်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်း စနစ်တစ်ခုလည်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် သာမန်မီးသီး မီးချောင်းများဟာ ပျက်စီးလွယ်ပေါက်ကွဲလွယ် ကျိုးပဲ့လွယ်တဲ့အပြင် အပူလွန်ကဲပြီး မီးလောင်မှုတွေဖြစ်ပွားနိုင်တာကြောင့်လည်း ပတ်ဝန်း ကျင် သဘာဝ အလှတရားတွေကို ထိခိုက်နိုင်ပါသေးတယ်။ LED မီးသီး မီးချောင်းတွေဟာ ပျက်စီးလွယ်ကျိုးပဲ့လွယ် ခြင်း မရှိတဲ့အပြင် Circuit  ပြားများကို အသုံးပြုထားတာကြောင့် ပျက်စီး သွားပါက ပျက်စီးတဲ့အပိုင်းကို ပြန်ပြင်ပြီးအသုံးပြုလို့ရပါ တယ်။ LED   မီးချောင်းဟာ တစ်ခုပျက် ရင် တစ်ခုပြန်ပြင်လို့ရတဲ့အတွက် တစ်ခါ ဝယ်ထားရုံနဲ့ တစ်သက်လုံး သုံးလို့ရတဲ့ ပစ္စည်းလို့လည်း ဆိုနိုင် ပါတယ်။                   '' LED မီးချောင်းက ဓာတ်ငွေ့တွေ ထည့်မထားပါဘူး။PVC  ပိုက်ထဲမှာLED  မီးသီးတွေကို Circuit  ပြားတွေနဲ့ ချိတ်ဆက်ပြီး အသုံးပြုထားတာပါ။ တရုတ်နိုင်ငံက ကုန်ကြမ်းပစ္စည်းတွေကို အသုံးပြုပြီး တရုတ်နိုင်ငံကရတဲ့နည်း ပညာကိုပဲ အသုံးပြုပြီး ထုတ် လုပ်ထားတာပါ။ အရင်တုန်းကတော့ LED  မီးသီးတွေက အလင်း အား အရမ်းစူးတယ်။ အခု LED မီးသီးတွေရဲ့ Quality တက်လာ တဲ့အတွက် အလင်းအား သိပ်မစူးတော့ဘူး။ နောက်ပြီး ခရမ်းလွန် ရောင်ခြည် ထုတ်လွှတ်မှုတွေမရှိတဲ့အ တွက် ပတ်ဝန်းကျင်ညစ်ညမ်းမှု ကိုလည်း ကဏ္ဍတစ်ရပ်အနေနဲ့ လျှော့ချပေးနိုင်မှာပါ''လို့ FUDAK Electronic မှ ဦးငြိမ်းက ဆိုပါတယ်။  လင်းအားကောင်းမွန်                   LED မီးချောင်းက ထုတ်လွှတ်လိုက်တဲ့အလင်းအားဟာ သာမန် မီးချောင်းများလို ပြာလဲ့လဲ့ အလင်းရောင်မျိုး မဟုတ်ဘဲ နေ့လည်ခင်း နေရောင်ခြည် အတိုင်းသာရရှိတာကိုလည်းတွေ့မြင်ခဲ့ ရပါတယ်။ LED မီးချောင်းရဲ့သက်တမ်းဟာ နာရီပေါင်း ငါးသောင်းနဲ့တစ်သိန်း ကြားထွန်းလို့ရတယ်လို့ အဆိုပါပုဂ္ဂိုလ်ကပဲ ဆက်လက်ပြောကြားခဲ့ပါ သေးတယ်။                  ဒါ့ပြင် LED မီးချောင်းရဲ့အလင်းရောင်ဟာ ခရမ်းလွန်ရောင်ခြည် မပါဝင်တာကြောင့် မိုးအကုန်ဆောင်းအကူးမှာ ရောက်လာတတ်တဲ့ ပိုးကောင်ကလေးများ ကိုပါ တားဆီးပေးနိုင်တယ်လို့ ဆိုပါတယ်။ LED မီးချောင်းက ထွက်ရှိလာ တဲ့အလင်းရောင်ရဲ့အောက်မှာ မြင်ရ တဲ့ ရုပ်ပုံများရဲ့အရောင်ဟာ သာမန်နေ့ အလင်းရောင်အောက်မှာမြင် ရတဲ့ ရုပ်ပုံများရဲ့အရောင်နဲ့တစ်ထပ်တည်းကျတာ ကိုမြင်တွေ့ရတယ် လို့ အဆိုပါပုဂ္ဂိုလ်ကပဲ ထပ်မံ ရှင်းပြခဲ့ပါတယ်။                    တရုတ်နိုင်ငံအပါအဝင် အာဆီယံ နိုင်ငံအများအပြားမှာLED  မီးချောင်းဈေးကွက်ဟာ တွင်ကျယ်စွာရောင်းချ လျက်ရှိနေပါပြီ။ ဒါပေမယ့်လည်း မြန်မာနိုင်ငံရဲ့ LED မီးချောင်းဈေးကွက် ဟာ သာမန် မီးချောင်းများလောက် ဈေးကွက်တွင်ကျယ်ခြင်းမရှိသေးသလို လူ သိနည်းနေသေးတဲ့ ကုန်ပစ္စည်းတစ်ခုလည်းဖြစ်နေပါသေးတယ်။ ဒါ့ပြင် LED မီးချောင်းရဲ့တန်ဖိုးဟာ သာမန်မီး ချောင်းများထက် အဆ မတန် မြင့်မားနေတာကြောင့် မီးချောင်းသုံးစွဲသူတွေအနေနဲ့ လက် တွန့် နေရတဲ့ပစ္စည်းတစ်ခုအဖြစ် ရပ်တည်နေပါသေးတယ်။ LED  မီးချောင်းကိုမြန်မာနိုင်ငံရဲ့ဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ရောက်စေဖို့အတွက် ပြည်တွင်းမှာ အရည်အသွေးမီ  LED မီးသီးတွေ ထုတ်လုပ်နိုင်ဖို့နဲ့ မီးချောင်းပြုလုပ်ရာမှာအဓိကအသုံးပြုရတဲChip ပြားတွေကိုထုတ်လုပ်နိုင်ခဲ့မယ့်ဆိုရင် ဒီ LED မီးချောင်းကို မြန်မာနိုင်ငံ တွင်းမှာ ဈေးသက်သာစွာနဲ့ဖြန့်ဖြူးရောင်းချနိုင်မှာဖြစ်တယ်လို့ ဆိုပါ တယ်။ နယ်စပ်က ဝင်ရောက်               အိမ်နီးချင်းတရုတ်နိုင်ငံကလည်း LED မီးချောင်းတွေကို ထုတ် လုပ်နေတာကြောင့် ဈေးသက်သာပြီး အရည် အသွေးမမီတဲ့ LED  မီးချောင်းတွေ ဝင်ရောက်လာနိုင်တာကိုလည်း သတိပြုရမှာပါ။ ''ကျွန်တော်တို့စမ်းသပ်ပြီးပြီ။ တရုတ်နယ်စပ်ကနေ ဝင်လာတဲ့ LED မီးချောင်းကို။ ဈေးကတော့ ကျွန်တော် တို့ထက် သက်သာ တယ်။ အရည်အသွေးမီတဲ့ LED မီးချောင်းဆိုရင် မီးအား ဘယ်လောက် တက်တက် မီးအားဘယ်လောက်ကျကျ အလင်းရောင် မှိန်သွားတာတို့၊ မှိတ်တုတ်မှိတ်တုတ်ဖြစ်တာတို့ မရှိဘူး။ အဲဒီ တရုတ် နယ်စပ်ကသွင်းလာတဲ့အရည်အသွေးမမီတဲ့ LED မီးချောင်းကတော့ သာမန်မီးချောင်းလိုပဲ။ မီးအားတက်ရင် လင်းလာတယ်၊ မီးအားကျ ရင် မှိန်သွားတယ်။ ကျွန်တော်တို့အထဲကို ဖွင့်ပြီးစမ်းတဲ့အခါကျတော့ အထဲမှာ ဆားကစ်ပြားကို လျှော့ထားတယ်။ ဒိုင်အုတ် လေးငါးလုံးနဲ့ Transister  တစ်လုံးလောက်နဲ့ထိုင်ထားတာ။ တကယ့်ကို အရည် အသွေး မရှိတာမျိုး၊LED  မီးချောင်း အစစ်အမှန်ဆိုရင် Voltage Constant, Current Constant ဖြစ်အောင်လုပ်ထားတာ။ သုံးဖူး တဲ့သူတွေသိမှာပါ။ စသုံးတဲ့ အချိန်မှာတော့ မသိသေးဘူး။ တစ်လ လောက်ဆိုရင်တော့ သိသာလာပြီ''လို့ အရည်အသွေးမြင့်LED မီးချောင်းနဲ့ အရည်အသွေးနိမ့် LED  မီးချောင်းတို့ အကြောင်းကို လည်း ရှင်းပြခဲ့ပါသေးတယ်။ ရေရှည်မှာ အကျိုးရှိ                    LED  မီးချောင်းကို သုံးစွဲသူတွေဟာ ကနဦး အသုံးပြုစရိတ် ကြောင့် သုံးစွဲရမှာ ကြောက်နေ ကြတာပဲဖြစ်ပါတယ်။ ဒါပေမယ့် လည်း ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းမှုမှာ မိမိအတွက်သာမက နိုင်ငံ တော်အတွက်လည်း အကျိုးရှိစေတာ အမှန်ပါ။ လျှပ်စစ်ဓာတ်အား သုံးစွဲမှု လျော့နည်းလာပါက လျှပ်စစ်ဓာတ် အားကြောင့် ကုန်ကျလာ မယ့် ကုန်ကျစရိတ်များအစား တခြားလိုအပ်မယ့် နေရာများမှာ အစားထိုး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် LED မီးချောင်း ဈေးကွက် တွင်ကျယ်လာစေဖို့၊ LED  မီးချောင်းများကို အရည်အသွေး ရှိရှိ ဈေးသက်သာစွာနဲ့ ထုတ်လုပ်နိုင်ဖို့ ဝိုင်းဝန်း ကြိုးစားကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။ မယ်သီတာ၊ခင်မောင်အုန်း