ထိုင်ဝမ်(ကုလားပဲ)
ထိုင်ဝမ်(ကုလားပဲ)စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ မန္တလေး ၁ ပိဿာ ၈၆၂ ၈၈၉၂ မကွေး ၁ ပိဿာ ၈ဝဝ ၈၅၅၃ ပခုက္ကူ ၁ ပိဿာ ၈၃၆ ၈၃၆၄ မုံရွာ ၁ ပိဿာ ၈၄၂ ၈၆၄၅ အောင်လံ ၁ ပိဿာ ၈၇၅ ၈၇၅၆ မြင်းခြံ ၁ ပိဿာ ၈၅ဝ ၈၇၅၇ ရေစကြို ၁ ပိဿာ ၇၉ဝ ၈ဝဝ၈ ပြည် ၁ ပိဿာ ၈၆ဝ ၈၈ဝထိုင်ဝမ်(ကုလားပဲ) ကို ပဲခွဲစက်တွေ ဝယ် အားပုံမှန်ရှိ မန္တလေးဈေးကွက်မှာ ထိုင်ဝမ် (ကုလားပဲ) ကို မြို့ခံပဲခွဲစက်တွေက ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၈၉ ကျပ်(တစ်တန်ကို ၅၄၄၄၁၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရပါတယ။် မံုံရွာဈေးကွကွက် မှာ ကုလားပဲကို ပဲခွဲစက်များနဲ့ အမှုန့် ကြိတ်စက်များက အဆွဲပုံမှန်ရှိခဲ့ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာတယ်လို့ သိရပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၆၄ ကျပ် (တစ်တန်ကို ၅၂၉၁ဝ၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ မှ ၃ဝဝ ကြား ဖြစ်ခဲ့ကြောင်း သိရပါတယ။် မြင်းခြံဈေးကွက်မှာ ဒီတစ်ပတ် ကုလားပဲကို မြို့ခံခွဲစက်တွေက ပစ္စည်းဝယ်ယူဖြည့်တင်းတဲ့အနေနဲ့ ဝယ်ယူမှုများ လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြောက်လာတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိ ဿာကို ၈၇၅ ကျပ် (တစ်တန်ကို ၅၃၅၈၄၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံပဲခွဲစက်လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။ ပြည်ဈေးကွက်မှာ ကုလားပဲကဈေးကွက်သို့ ပစ္စည်းအဝင်များလာသလို မြို့ခံပဲခွဲစက် တွေကလည်း ဝယ်အားပုံမှန်ရှိဆဲလို့ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာကို ၈၈ဝ ကျပ် (တစ်တန်ကို ၅၃၈၉ဝ၃ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ်၂၇ဝဝခြန့်ဖစ်ခဲ့ကြောင်း သိရပါတယ်။မကွေး ဈေးကွက်မှာ ကုလားပဲကို ခွဲစက်တွေက ခွဲခြမ်းအဖြစ် အဝယ်များပြီး မြင်းခြံနဲ့ ပြည်သို့တင်ပို့ရောင်းချနေတယ်လို့ မြို့ခံ ကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ကို ၈၅၅ ကျပ် (တစ်တန်ကို ၅၂၃၅၉၃ ကျပ်)နဲ့ အိတ် ၃ဝဝ မှ ၅ဝဝ ကြား ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။
