Main menu

Background

ပဲတီစိမ်း(အညာ)

Sun, 07/31/2011 - 09:39 -- Anonymous (not verified)

ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ    ယခင်      ယခု     ပြောင်းလဲမှု ၁ မုံရွာ                  ၁ ပိဿာ    ၁ဝဝဝ   ၁ဝဝဝ ၂ မန္တလေး            ၁ ပိဿာ      ၉၇၈     ၉၉၆ ၃ မကွေး               ၁ ပိဿာ     ၇၉ဝ     ၉၂၂ ၄ ပခုက္ကူ               ၁ ပိဿာ     ၇၄၇     ၇၅၂ ၅ ပြည်                  ၁ ပိဿာ     ၈ဝဝ     ၇၅ဝ ၆ အောင်လံ           ၁ ပိဿာ     ၈၇၅    ၈၉ဝ ပဲတီစိမ်း(အညာ) ကို အရည်အသွေးပေါ်မူတည်ပြီး အိတ်စပို့ဝယ်လက် အဝယ်ရှိနေ                   မန္တလေးဈေးကွက်မှာ ပဲတီစိမ်းကြီးက ဈေးကွက်သို့အဝင်များ လာသလို တရုတ်ဝယ်လက်ကလည်း အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၉၉၆ ကျပ် (တစ်တန်ကို ၆ဝ၉၉၄ဝ ကျပ်)နဲ့ နေ့စဉ် အိတ် ၁ဝဝဝ မှ ၁၅ဝဝ ကြားအဝယ်ရှိနေတယ်လို့ မြို့ခံပဲကုန်သည် တစ်ဦးကဆိုပါတယ်။ မုံရွာဈေးကွက်မှာ ပဲတီစိမ်းကြီးကို မန္တလေး ဝယ်လက်က တစ်ပိဿာကို ၁ဝဝဝ ကျပ်(တစ်တန်ကို ၆၁၂၃၉ဝ ကျပ်) နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့်အဆွဲပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ ဆိုပါတယ်။ မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းကို မန္တလေးအဆွဲပုံမှန်ရှိနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့််နေတယ်လို့ ဆိုပါတယ။်တစ်ပိဿာကို  ၉၂၂ ကျပ်(တစ်တန် ကို ၅၆၄၆၂၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ အောင်လံဈေးကွက်မှာ ပဲတီစိမ်းက ဈေးကွက်သို့အဝင်ပုံမှန်ရှိသလို ရန်ကုန်အဆွဲကလည်း အရည် အသွေးပေါ်မူတည်ပြီး ဈေးတိုးပေးပြီးအဝယ်ရှိတာကြောင့် ယခင်အ ပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို  ၈၉ဝ ကျပ်(တစ်တန်ကို  ၅၄၅ဝ၂၇ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုများခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ပြည်ဈေးကွက်မှာ ပဲတီစိမ်းကို ရန်ကုန်- မန္တလေးဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကွက်သို့ ပစ္စည်း အဝင်များတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျ လာပြီး တစ်ပိဿာကို ၇၅ဝ ကျပ်(တစ်တန်ကို ၄၅၉၂၉၂ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၃၅ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပခုက္ကူဈေးကွက်မှာ ပဲတီစိမ်းကို ရန်ကုန်အဆွဲသွက် နေတာကြောင့် ယခင်အပတ်နဲ့စာရင်ဈေးမြင့်လာပြီး တစ်ပိဿာကို ၇၅၂ ကျပ်(တစ်တန်ကို ၄၆ဝ၅၁၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။