မတ်ပဲစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၅၃၃ဝဝဝ ၅၄၉ဝဝဝ၂ မုံရွာ ၁ ပိဿာ ၈၂ဝ ၈၂ဝ၃ ပြည် ၁ ပိဿာ ၈၃ဝ ၈၅ဝ၄ ဟင်္သာတ ၁ ပိဿာ ၈၁၅ ၈၂၅၅ မန္တလေး ၁ ပိဿာ ၆၆၇ ၇၈၃မတ်ပဲကို အိတ်စပို့အဆွဲပုံမှန်ရှိလို့ ဈေးမြင့်လာ ဘုရင့်နောင်ဈေးကွက်တွင် ဒီတစ်ပတ် မတ်ပဲ (RC) ကို အိတ်စပို့ဝယ်လက်တွေက ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးမြင့်လာပြီး တစ်တန်ကို ၅၄၉ဝဝဝ ကျပ်မှ ၅၅၅ဝဝဝ ကျပ်အတွင်း တန် ၅၁ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း) ကို မြို့ခံပဲခွဲစက် တွေက အဆွဲပုံမှန်ရှိလို့ ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့် လာပြီး တစ်ပိဿာကို ၇၈၃ ကျပ်(တစ်တန်ကို ၄၇၉၅ဝ၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝမှ ၃ဝဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မုံရွာဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (ကုန်ကြမ်း) ကို ရန်ကုန် ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေက အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာ တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၂ဝ ကျပ်(တစ်တန်ကို ၅ဝ၂၁၅၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြည်ဈေးကွက်မ် ှာ မတ်ပဲ(ကုန်ကြမ်း) ကို ရန်ကုန်အဆွဲပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၅ဝ ကျပ်(တစ်တန်ကို ၅၂ဝ၅၃၁ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂ဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံ ကုန်သည်တစ်ဦးက ဆိုပါတယ။် ဟင်္သၤာာတဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း) ကို ရန်ကုန်ဝယ်လက်က ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေးမြင့်လာတဲ့အပေါ် မူတည်ပြီး ဈေးပေးအဝယ် ရှိသလို ဝယ်အားပါများလာတယ်လို့ သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာကို ၈၂၅ ကျပ်(တစ်တန်ကို ၅ဝ၅၂၂၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ မှ ၁၅ဝဝ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Background