Main menu

Background

ပြည်ဘိုကိတ်ပဲ အရောင်အသွေးလိုက်၍ ဈေးကွာခြားမှုရှိ

Sun, 07/31/2011 - 10:17 -- Anonymous (not verified)

ပြည်ဘိုကိတ်ပဲ အရောင်အသွေးလိုက်၍ ဈေးကွာခြားမှုရှိ                       ပြည်ဈေးကွက်တွင် ဘိုကိတ်ပဲမှာ ပဲအရောင်အသွေးကိုလိုက်၍ ဈေးနှစ်မျိုး ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ အရောင်တောက်၍ အရည်အသွေးကောင်းသော ဘိုကိတ်ပဲ တစ်တင်းကို ၁၂၅ဝဝ ကျပ်ဖြင့် လည်း ကောင်း၊ အရောင်အနည်းငယ်မှိန်၍ အရည်အသွေးညံ့သော ဘိုကိတ်မှာ တစ်တင်း ကို ကျပ် ၁၁၁ဝဝ ဖြင့် ဈေးဖွင့်ရောင်းဝယ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဈေးကွက်တွင်အခြားဒေသဝယ်လက်များ အဝယ်မရှိသော်လည်း တိုင်းဒေသ ကြီးအတွင်း လက်လီသမားများ နေ့စဉ်အဝယ်ရှိခဲ့တဲ့အတွက် တစ်ရက်ကို ၁၅ အိတ်ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဆုမွန်မွန်ဆွေ