Main menu

Background

ဈေးအတက်အကျဖြစ်နေတဲ့ ပြည်ကုလားပဲဈေးကွက်

Sun, 07/31/2011 - 10:18 -- Anonymous (not verified)

ဈေးအတက်အကျဖြစ်နေတဲ့ ပြည်ကုလားပဲဈေးကွက်                 ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၇၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ယခုတစ်ပတ်အတွင်း တစ်တင်း ၁၈ဝဝဝ ကျပ်အထိ ဈေးမြင့်သွားခဲ့ပါတယ်။ ယခုရက်ပိုင်း၌ တစ်တင်း ၁၇၆ဝဝ ကျပ်ဖြင့် ဈေးအနည်းငယ် ပြန်ကျသွားခဲ့ကြောင်း သိရပါတယ်။                  ယခင်တစ်ပတ်က ရခိုင်ဘက်မှ အဝယ်ရှိလို့ အိတ် ၅ဝဝ ခန့် တင်ပို့ရောင်းချမှုရှိခဲ့ပါတယ်။ ပဲခွဲစက်သမားနှင့် အမှုန့်ကြိတ်စက်သမားများမှ တစ်ရက်ကို အိတ် ၂၅ဝ ကျပ်ခန့်ထိ ပုံမှန်အဝယ်ရှိသလို ရန်ကုန်ဝယ်လက်ရှိသော ရက်များတွင် အိတ် ၇ဝဝ-၈ဝဝ ထိ အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။ လွင်လွင်ဆန်း