Main menu

Background

မုံရွာ V2 ရန်ကုန်အဝယ် မြူးနေ

Sun, 07/31/2011 - 10:20 -- Anonymous (not verified)

မုံရွာ V2 ရန်ကုန်အဝယ် မြူးနေ                   မုံရွာကုန်စည်ဒိုင် ဇူလိုင်လကုန်ပတ် ကုလားပဲဈေးကွက်မှာ ကုလားပဲဖြူလုံးကြီး V2 ဟာ ရန်ကုန်ဝယ်လက် အဝယ် သွက်လို့ အရောင်းအဝယ်အားကောင်းလျက်ရှိတယ်လို့ ကုန်သည်ရပ်ကွက်က ကြားသိရပါတယ်။ ယခုတစ်ပတ်မှာ ရန်ကုန် အဝယ်သွက်လို့ V2  ဈေးအနေနဲ့ တစ်ရက်တစ်ဈေးပြောင်းလဲနေကာ တစ်တင်းအနိမ့်ဆုံး ၁၉၅ဝဝ ကျပ်မှ အမြင့်ဆုံး ၂ဝ၅ဝဝ ကျပ်ထိ တက်ဈေးဖြစ်ပေါ်ခဲ့တာ တွေ့ရပါတယ်။V2 အရောင်းအဝယ် အနေနဲ့လည်း တစ်ရက်ကို အနည်းဆုံး အိတ် ၃ဝဝဝမှ အများဆုံး အိတ် ၁ဝဝဝ၀၀အထိရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကျန်ကုလားပဲကတော့ ဒေသတွင်း လုပ်ငန်းသုံး အဝယ်သာရှိခဲ့ပြီး ကုလားပဲရိုးရိုးတစ်တင်း ၁၅၂ဝဝ ကျပ်မှာ ၁၅၅ဝဝ ကျပ်ထိ၊ ကုလားပဲတိုင်ပေ ၁၆၃ဝဝ ကျပ်မှ ၁၆၇ဝဝ ကျပ်နဲ့ ကုလားပဲ 929 တစ်တင်း ၁၆၁ဝဝ ကျပ်မှ ၁ဝ၉ဝဝ ကျပ်အသီးသီး ပေါက်ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ ကုလားပဲလက်ကျန်အနေနဲ့ ကုန်သည်တွေရဲ့ ခန့်မှန်းချက်အရ အိတ် တစ်သိန်းနီးပါးကျန်နိုင်ပြီး ပြည်ပဝယ်လိုအားအရ ရန်ကုန်ဝယ်လက်အဆွဲကို ချိန်ဆပြီး ထုတ်ရောင်းနေကြတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ယခုတစ်ပတ်အတွင်း V 2 စီးဆင်းမှုအနေနဲ့ ရန်ကုန်ကိုတင်း ၁ဝဝဝဝ နီးပါးရှိခဲ့တယ်လို့ ဈေးကွက်ကသိရပါတယ်။ ထွန်းလှိုင်