Main menu

Background

ပြည်တွင်း နို့ဆီ လက်လီဈေးများ

Tue, 08/02/2011 - 05:08 -- Anonymous (not verified)

နို့ဆီ/နို့စိမ်း တန်ချိန် ၄၄ဝ ကျော် တင်သွင်း                   ဇူလိုင် ၁၇ ရက်မှ ၂၃ ရက်တာ ကာလအတွင်း နို့ဆီ ၂၈၅ တန်နဲ့၊ နို့စိမ်း ၁၈၃ ဒသမ ၆၁ တန်၊ စုစုပေါင်း ၄၄၁ ဒသမ ၆၁ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ လေးသိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းမှ တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ် တင်သွင်းခဲ့တဲ့ နို့ဆီမှာ စင်ကာပူနိုင်ငံမှ အိုကေတံဆိပ်နို့ဆီနဲ့ DAWN တံဆိပ် နို့စိမ်းတို့ဖြစ်ပါတယ်။ ယခင်သီတင်းပတ် နို့ဆီအဝင်မှာ တန်ချိန် သုံးရာကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ နို့ဆီအဝင် လျော့နည်းခဲ့ပါ တယ်။ နို့စိမ်းက ယခင်သီတင်း ပတ်ရဲ့အဝင်တန်ချိန်အတိုင်း တင်သွင်းနိုင်ခဲ့ပါတယ်။                        နို့မှုန့်က စင်ကာပူ၊ နယူးဇီလန်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှ မှာယူတင်သွင်းခဲ့ ပါတယ်။ ယခင်သီတင်းပတ် ၃၅ တန် ကျော်တင်သွင်းခဲ့တဲ့နို့မှုန့်က ဒီတစ်ပတ် မှာ ၁၅ တန် သာတင်သွင်းနိုင်ခဲ့ပါတယ်။ MIRT (DOT) နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်                                   ယခုအပတ် ဇူလိုင် ၂ဝရက်မှ ၂၆ ရက်အတွင်း မြန်မာ-ထိုင်း နယ်စပ်ရှိ ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ ၇၄၁၈၉ တန်ဖိုးရှိ နို့ဆီ ၇၇ တန် (၄ဝ၅၉ သေတ္တာ)နဲ့ ကန်ဒေါ်လာ ၈ဝ၂၅ဝ တန် ဖိုးရှိ နို့စိမ်း ၈၅တန်(၄၅ဝဝ သေတ္တာ) အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နို့ဆီ ၂၆ တန် (၁၃၅၉ သေတ္တာ)၊ နို့စိမ်း ၃၈ တန် (သေတ္တာ ၂ဝဝဝ) တင် သွင်းမှု ပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၈၅၄၁၆ တန်ဖိုးရှိ နို့မှုန့် ၃၁ တန် အသွင်းရှိခဲ့ပြီး ယခင်အပတ်ကတော့ မူဆယ်မှ နို့မှုန့် အသွင်းမရှိခဲ့ပါဘူး။ MIRT (DOBT)ပြည်တွင်း နို့ဆီ လက်လီဈေးများ              နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်နို့ဆီလက်လီဈေး            ကျပ်/တစ်ဘူး                            ရန်ကုန် မန္တလေးဒွန်း( နို့ဆီ )              ၇၅ဝ      ၈ဝဝဒွန်း( နို့စိမ်း)             ၇ဝဝ     ၇ဝဝFalcon နို့ဆီ             ၆ဝဝ       -Falcon နို့စိမ်း           ၅၈ဝ       -ဝမ်းတီးနို့ဆီ            ၆၅ဝ      ၇ဝဝအိုကေ( နို့ဆီ)         ၇ဝဝ      ၇ဝ၅အိုကေ( နို့စိမ်း)        ၆၆ဝ     ၇ဝ၅MIRT (DOT)