Main menu

Background

နှမ်းဈေးကျပြီး အရောင်းအဝယ်ဖြစ်တဲ့ ပြည်ဈေးကွက်

Tue, 08/02/2011 - 05:24 -- Anonymous (not verified)

နှမ်းဈေးကျပြီး အရောင်းအဝယ်ဖြစ်တဲ့ ပြည်ဈေးကွက်               ပြည်ဈေးကွက်တွင် နှမ်းဈေးမှာ ယခုတစ်ပတ်အထိ ဆက်လက်ကျဆင်းနေ တာ တွေ့ရပါတယ်။ မိုးနှမ်းအသစ်များကို မြန်အောင်၊ ကြံ့ခင်းနဲ့ အောင်လံဘက်မှ အနည်းငယ် စတင်ဝင်ရောက်လာသဖြင့် နှမ်းဈေးမှာ ကျဆင်းလာတာတွေ့ရပါ တယ်။ ဆီစက်သမားများကလည်း ဆီကြိတ်ရန်နဲ့ လှောင်ရန်အဝယ်ရှိနေသဖြင့် တစ်နေ့ကို အိတ် ၁ဝဝခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ နှမ်းနီ ၄၅ ပိဿာ တစ်အိတ်ကို ၅ဝဝဝဝ ကျပ်နဲ့ နှမ်းနက် ၄၅ ပိဿာ တစ်အိတ်ကို ၆၅ဝဝဝ ကျပ်ဖြင့် ပြည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ နှမ်းဆီတစ်ပိဿာကို ၂၆ဝဝ ကျပ်ဈေးဖြင့် တစ်နေ့ကို ၃ ပီပါခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။             ဝေဝေမင်း