Main menu

Background

လာမဲ့ကာလများ မှာ ရော်ဘာတင်ပို့မှု အားကောင်းလာတော့မည်

Tue, 08/02/2011 - 05:59 -- Anonymous (not verified)

လာမဲ့ကာလများ မှာ ရော်ဘာတင်ပို့မှု အားကောင်းလာတော့မည်               မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်မှ တရုတ်သို့ ၂ဝ၁၁ ခုနှစ် ဇူလိုင်လအတွင်း ကန်ဒေါ်လာ ၁ဝ သန်း ကျော်တန်ဖိုးရှိ ရော်ဘာ ၂၃၈၅ တန်တင်ပို့ခဲ့ပါတယ်။ ၂ဝ၁၁ ခုနှစ် ဧပြီလမှာ ရော်ဘာဈေး ၃၃ဝဝဝ-၃၂၅ဝဝ ယွမ်ထိရှိခဲ့ပြီး မေလတွင် ၃ဝဝဝဝ-၂၉ဝဝဝ ယွမ်၊ ဇွန်လတွင် ၂၉ဝဝဝ-၂၈ဝဝဝ ယွမ်၊ ဇူလိုင်လတွင် ၂၈၅ဝဝ-၂၈ဝဝဝ ယွမ်ထိ ကျဆင်းလျက်ရှိပါတယ်။ မိမိဘက်ပြည်တွင်းဈေး မှာလည်း RSS တစ်ပေါင်လျှင် ၁၅ဝဝ ကျပ်၊ ဇွန်လတွင် ၁၄ဝဝ ကျပ်၊ ဇူလိုင်လတွင် ၁၃ဝဝ ကျပ်သို့ ကျဆင်းလျက်ရှိသော်လည်း ယွမ်ငွေဈေး ဇွန်လ ဒုတိယပတ်လောက်ကစပြီး ပြန်လည်မြင့်တက်ခဲ့ခြင်း၊ ယခင်ဝယ်ယူ သိုလှောင်ထားသူများ တင်ပို့မှုပြုလာခြင်း တို့ကြောင့် ဇွန်လမှာ မေလထက် ရော်ဘာတင်ပို့မှု အနည်းငယ် ပိုမိုလာခဲ့ပါတယ်။ လအလိုက် ရော်ဘာတင်ပို့မှု တွေကတော့ ဧပြီလမှာ ၃၃၅၇ တန်၊ မေလမှာ ၂၇၈၆ တန်၊ ဇွန်လမှာ ၂၈၃၇ တန်နဲ့ဇူလိုင် ၂၆ ရက်ထိမှာ ၂၃၈၅ တန်အသီးသီးဖြစ်ပါတယ်။ဇူလိုင်လအတွင်းမှာ တင်ပို့မှုကိုကြည့်မယ်ဆိုလျှင် လဆန်းပိုင်းမှာ တင်ပို့မှုနည်းခဲ့ ပေမဲ့ လလယ်ခန့်မှစပြီး တင်ပို့မှုမြင့်တက်လာလျက်ရှိတာ တွေ့ရပါတယ်  ကာလ        တန်ချိန်  ပိုတင်သည့်တန်ချိန်      တန်ဖိုး(ကန်ဒေါ်လာ)ပထမပတ်          ၂၃၂      - ၁ .ဝ၆၃ဒုတိယပတ်        ၂၉၅         + ၆၃                        ၁ .၃၆၉တတိယပတ်       ၅ဝ၂        + ၂ဝ၅                      ၂ .၂၄၇စတုတ္ထပတ်        ၁၃၅၅       + ၈၅၃                       ၅ .၉၈၆                   တစ်ဖက်နိုင်ငံယွမ်ဈေးမြင့်တက်လာတာနဲ့အမျှ လာမဲ့လများမှာလည်း တစ်လပျမ်းမျှ တန် ၂၈ဝဝ နဲ့ ၃ဝဝဝ ကြားတော့ တင်ပို့နိုင်မှာဖြစ်ပါတယ်။ ယခင်နှစ်ကာလတူများကို ကြည့်လိုက်မယ်ဆိုလျင်လည်း သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလ များမှာ တန် ၂၈ဝဝ မှ ၃၈ဝဝ ဝန်းကျင်၊ နိုဝင်ဘာ၊ ဒီဇင်ဘာများမှာ တန် ၄ဝဝဝ မှ ၅ဝဝဝ ကျော်ဝန်းကျင်ထိ အပို့ရှိခဲ့တာတွေ့ရ တဲ့ အတွက် လာမဲ့ကာလများအတွက် ရော်ဘာတင်ပို့မှု အားကောင်းလာတော့မှာဖြစ်ကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်။ MIRT (DOBT)