သကြား စက်များမှ ပို့ကုန်တိုးမြှင့်တင်ပို့ရန် အိန္ဒိယအစိုးရသို့ တောင်းဆို ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ သိုလှောင်မှုလုံလောက်တဲ့အပြင် ကမ္ဘာ့ဈေးနှုန်း ကောင်းတာကြောင့် အိန္ဒိယသကြားလုပ်ငန်းတွေက နောက်ထပ်တန်ချိန် ၅ သိန်းကို OGL လိုင်စင်နဲ့ တင်ပို့ခွင့်ပြုဖို့ အစိုးရထံမှ ခွင့်ပြုချက်တောင်းခံ ထားကြောင်း သိရပါတယ်။ ဇွန်လအထိ သကြားထုတ်လုပ်မှု တန်ချိန် ၂၃၉ ဒသမ ၅၉ သိန်းရှိပြီး ရာသီချိန် (၂ဝ၁ဝ အောက်တိုဘာမှ ၂ဝ၁၁ စက်တင်ဘာ) အထိ တန်ချိန် ၂၄၂ မှ ၂၄၄ သိန်းအထိ ထုတ်လုပ်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ လာမယ့်ရာသီ ၂ဝ၁၁-၂ဝ၁၂ မှာလည်း သကြားတန်ချိန် ၂၆ဝ မှ ၂၆၅ သိန်းအထိ ထုတ်လုပ် နိုင်မယ်လို့ အမျိုးသားသကြားစက်ရုံများ ဖက်ဒရေးရှင်ရဲ့ ဦးဆောင်ညွှန်မှူးက ပြောကြားခဲ့ ပါတယ်။ ယခုရာသီမှာ သကြားဈေးနှုန်း တစ်ကွမ်တယ်ကို ရူပီး ၂၆၅၅ ဝန်းကျင်ရှိပြီး ပြီးခဲ့တဲ့နှစ်က ရူပီး ၂၈၅၂ ရှိခဲ့တာကြောင့် ဈေးကျခဲ့ကြောင်း သိရပါတယ်။ အစိုးရက သကြားဈေးနှုန်းမြင့်တက်မှုနဲ့ နိုင်ငံတွင်းမှာ ရောင်းလိုအား လုံလောက်မှုကို ကာကွယ်ဖို့အတွက် ပို့ကုန်တင်ပို့မှု တင်းကျပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ အစောပိုင်းမှာ အစိုးရအနေနဲ့ ပို့ကုန်တန်ချိန် ၅ သိန်းတင်ပို့ခွင့်ပြုခဲ့ပြီး ကမ္ဘာ့ဈေးကွက်မှာလည်း ဈေးနှုန်းမြင့်ခဲ့ပါတယ်။ ဖက်ဒရေးရှင်းက အစိုးရအနေနဲ့ ထုတ်လုပ်မှုရဲ့ ၁ဝ ရာခိုင်နှုန်းခန့်ကို ဈေးကွက်ဈေးထက်လျော့ပြီး ရောင်းချခြင်းမှ ကင်းလွတ်ခွင့်ပြုစေချင်ကြောင်း သိရပါတယ်။ ဒါ့အပြင် စက်ရုံတိုင်းကလည်း လစဉ် ခွဲတမ်းနဲ့ အလွတ်ရောင်းချပေးရခြင်းကလည်း ကင်းလွတ်ခွင့်ရလိုကြောင်း သိရပါတယ်။ K Z W,Source: commodityonline
Background