Main menu

Background

ကချင်ပြည်နယ်၏ မွေးမြူရေးကဏ္ဍ တိုးတက်နိုင်သည့် အလားအလာများ

Tue, 08/02/2011 - 06:23 -- Anonymous (not verified)

ကချင်ပြည်နယ်၏ မွေးမြူရေးကဏ္ဍ တိုးတက်နိုင်သည့် အလားအလာများ     ကချင်ပြည်နယ်သည် တရုတ်ပြည်၊ အိန္ဒိယပြည်တို့နှင့် နယ်နိမိတ်ချင်းဆက် စပ်နေပြီး နယ်စပ်ကုန်သွယ်ရေး များ ဆောင်ရွက်လျက်ရှိသော ပြည်နယ် တစ်ခုဖြစ်ပါသည်။ ကချင်ပြည်နယ်တွင် သဘာဝအရင်းအမြစ်များအနေဖြင့် နွား စားကျက်တည်ထောင်ရန် မြေအနေ အထား လုံလောက်စွာရှိခြင်း ပြည်ပသို့ တင်ပို့ရောင်းချရန် တရုတ်ပြည်တွင် အမဲသားဈေးကွက်ရှိခြင်း တို့ကြောင့် နွားစားကျက်များ ဖော်ထုတ်၍ အသား စားနွားမွေးမြူရေးကို ဆောင်ရွက်ပြီး ဝင်ငွေရှာရန် အခြေအနေကောင်းများ ရှိနေပါသည်။ အသားစားနွားမွေးမြူရေး လုပ်ငန်းသည် ကချင်ပြည်နယ် စီးပွား ရေးကို တစ်ဟုန်ထိုးတိုးတက်စေနိုင်ပြီး အခြေအနေကောင်းများ ရှိနေခြင်း ကြောင့် ကချင်ပြည်နယ်အတွက် အကောင်းဆုံးအထိရောက်ဆုံးနှင့် ဝင်ငွေ အများဆုံးရရှိနိုင်သော စီးပွားရေးလုပ်ငန်းမှာအသားစားနွားမွေးမြူရးလုပ်ငန်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။ အသားစားနွားမွေးမြူရေးကို ဆောင်ရွက်ခြင်း ဖြင့် ကချင်ပြည်နယ်သည် မိမိပြည်နယ် အတွင်း အမဲသားစားသုံးမှု ဖူလုံရေး သာမကဘဲ ပြည်ပအတွက် အဓိက အသားတင်ပို့နိုင်သည့် လုပ်ငန်းတစ်ခု ဖြစ်နိုင်ကြောင်း တွေ့ရှိရပါသည်။ ကြက်သား၊ ဘဲသားထုတ်လုပ်မှုနှင့် စားသုံးမှု အခြေအနေတွင် လုံလောက်မှုမရှိ ခြင်းကြောင့် အခြားဒေသများမှ ဝယ်ယူ စားသုံးနေရသည်ကို တွေ့ရှိရပါသည်။ မိမိပြည်နယ်အတွင်း စားသုံးမှု ဖူလုံပြီး ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်သော မြန်မာတိုင်းရင်းကြက်များကို မွေးမြူနိုင်သည့် အခြေအနေကောင်း များရှိနေပါသောကြောင့် လယ်ကွင်းထဲ မှ ကြက်သားထုတ်လုပ်ခြင်း လုပ်ငန်း ဖြစ်သည့် တိုင်းရင်းကြက်မွေးမြူရေး လုပ်ငန်း ကို ဒေသခံတောင်သူများ၊ တစ်ပိုင်တစ်နိုင် စီပွားဖြစ်ဆောင်ရွက် ကြမည်ဆိုလျင် ကျေးလက်ဒေသ စီးပွား ရေးဖွံ့ဖြိုးတိုးတက်ပြီး ကချင်ပြည်နယ် ၏ စားသုံးမှုဖူလုံ၍ ပိုလံျှသော ကြက်သားများကို နယ်စပ်ကုန်သွယ်ရေးမှ တစ်ဆင့်ပြည်ပသို့ တင်ပို့ရောင်းချခြင်း ဖြင့် ပြည်ပဝင်ငွေပါရှာဖွေပေးနိုင်သော အခြေအနေကောင်းများ လက်ဝယ်တွင်ရှိနေပါသည်။ လက်ရှိကောက်ယူ ရရှိသော စာရင်းများအရ ရေချိုငါး၊ ပုစွန်စားသုံးမှုမှာ လိုအပ်လျက်ရှိပြီး လုံလောက်စွာ ထုတ်လုပ်နိုင်သည့် အခြေအနေ မရှိကြောင်း တွေ့ရှိရပါသည်။ သဘာဝအရင်းအမြစ်များအရ ကချင်ပြည်နယ်သည် ရေချိုငါး၊ ပုစွန် မွေးမြူရေးကို ကျယ်ပြန့်စွာ ဆောင်ရွက် နိုင်သော အခြေအနေများ လက်ဝယ် တွင်ရှိပါသည်။ ဥပမာ- ရွှေကူမှ ထွက်သော ရေချိုပုစွန်ထုပ်ကြီးသည် အရည်အသွေး အလွန်ကောင်းမွန်ပြီး ဈေးကွက် ဝင်သော ရေထွက်ပစ္စည်းတစ်ခု ဖြစ်ပါသည်။ ရေချိုပုစွန်မွေးမြူရေးနှင့် ရေချို ငါးလုပ်ငန်းကို တိုးခဲျ့မွေးမြူနိုင်သော အခြေအနေကောင်းများလည်း ရှိနေပါသည်။ လက်ဝယ်တွင်ရှိသော အခြေ အနေကောင်းများ ဖန်တီးနိုင်မှုများကို ပိုင်နိုင်စွာ အသုံးချနိုင်ပါလျင် ရေချိုငါး၊ ပုစွန် မွေးမြူူရေးလုပ်ငန်းသည် ကချင်ပြည်နယ်၏ အရေးပါသော စီးပွားရေး လုပ်ငန်းကြီး တစ်ခုအဖြစ်ပေါ်ထွန်းလာမည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ဝက်သားထုတ်လုပ်မှုနှင့် စားသုံးမှုအ ပိုင်းတွင်လည်း အခြားပြည်နယ်တိုင်းဒေ သကြီးများမှ တင်သွင်းနေရသော ကချင်ပြည်နယ်တွင် ဝက်စာကုန်ကြမ်း ဖြစ်သည့် စိုက်ပျိုးရးလုပ်ငန်းများ (ဥပမာ-ပီလောပီနံ) တွင်ကျယ်စွာ ဆောင်ရွက်နိုင်သော သဘာဝအရင်း အမြစ်ရှိနေသောကြောင့် ပြည်နယ်အတွင်း စားသုံးမှုဖူလုံရေးသာမက ပြည်ပ သို့ ပို့ကုန်တစ်ခုအနေဖြင့် တင်ပို့နိုင်သော ဝက်မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နိုင်သည့် အခြေအနေ ကောင်းများလည်း ရှိနေပါသည်။ လက်ရှိအခြေအနေတွင် သားငါးများကို ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဝယ်ယူ စားသုံးနေရသော ကချင်ပြည် နယ်သည်လက်ဝယ်တွင်ရှိသောသဘာဝ အရင်းအမြစ်အခြေအနေကောင်းများကို ပိုင်နိုင်စွာအသုံးချနိုင် ပါလျင် ဝယ်ယူစား သုံးနေရသောအဆင့်မှ လွတ်မြောက်ရုံ မျှမကဘဲ ပြည်တွင်း၊ ပြည်ပသို့ သားငါး ထုတ်လုပ်တင်ပို့နိုင်သည့် စီးပွားရေးလုပ် ငန်းကြီးတစ်ခုဖြစ်ပါကြောင်း အသိပေး နှိုးဆော် တင်ပြလိုက်ရပါသည်။