Main menu

Background

အိန္ဒိယပဲစင်းငုံလက်ကျန်များလို့ ဈေးလျော့နေ

Sun, 08/07/2011 - 05:27 -- Anonymous (not verified)

အိန္ဒိယပဲစင်းငုံလက်ကျန်များလို့ ဈေးလျော့နေ                 အိန္ဒိယ ပြည်တွင်းဈေးကွက်ထဲတွင် ယခင်နှစ် ပဲလက်ကျန် အမြောက်အမြား ကျန်ရှိနေသလို ပြည်ပက တင်သွင်းပဲစင်းငုံတွေ ရရှိနေတာကြောင့်လည်း ဈေးလျော့ ကျနေပါတယ်။ ပဲခွဲစက်များမှလည်း ပြုပြင်ပြီး ပဲစင်းငုံကို ဝယ်လိုအားနည်းပါး တာကြောင့် မွန်ဘိုင်းဈေးကွက်မှာ ပြည်ပက တင်သွင်းလာတဲ့ ပဲစင်းငုံဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံစိုက်ပျိုးမှုဟာ ပြီးခဲ့တဲ့ နှစ်ကထက်နည်းနေ ပေမဲ့ ဒေသအများစုရဲ့ ရာသီဥတု အခြေအနေမှာ သီးနံှအကြိုက်ဖြစ်လို့ ပဲစင်းငုံ ထွက်ရှိမှု မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။ လာမယ့် သီတင်းပတ်များမှာ ပဲစင်းငုံဈေးနှုန်း အားပျော့ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းများနှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                ဒေါ်လာ/ တန်                      ၄-၈-၁၁        ၃-၈-၁၁      ၂-၈-၁၁       ၁-၈-၁၁             ၃ဝ-၇-၁၁မွန်ဘိုင်း           ၆၃ဝ-၆၃၃     ၆၃၇-၆၄၈     ၆၅၆           ၆၅၈              ၆၅၆-၆၇၃ဒေလီ                 ၆၂၅              ၆၂၅           ၆၃၃            -                      ၆၅၆ချန်နိုင်း               ၆၁၉              ၆၃၁           ၆၃၃          ၆၅၈                  ၆၅၆MIRT(MAPT)