Main menu

Background

ကုလားပဲဖြူလုံးကြီး ယခင်နှစ်ထက်ပိုတင်ပို့နိုင်

Sun, 08/07/2011 - 06:15 -- Anonymous (not verified)

ကုလားပဲဖြူလုံးကြီး ယခင်နှစ်ထက်ပိုတင်ပို့နိုင်                ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီး တင်ပို့မှုကတော့ ဇူလိုင် ၁ဝရက် မှ ၁၆ ရက်အတွင်း တန်ချိန် ၁၅ဝဝ ခန့်၊ ဇူလိုင် ၁၇ ရက်မှ ၂၃ ရက်အတွင်း တန် ချိန် ၃ဝဝဝ ခန့် တင်ပို့နိုင်ခဲ့ပြီး ယခုဇူလိုင်နောက်ဆုံးပတ် ၂၄ ရက်မှ ၃ဝ ရက်အတွင်း တန်ချိန် ၃၂ဝဝ ကျော် ပိုမိုတင်ပို့လာနိုင်ပါတယ်။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် ဇူလိုင် ၂၉ ရက်အထိ ကုလားပဲဖြူလုံးကြီး တင်ပို့ပြီးစီးမှုဟာ တန်ချိန် ၃၈ဝဝဝ ကျော်ရှိပြီး ယခင်နှစ် ကာလတူ တင်ပို့မှု တန်ချိန် ၆ဝဝ ကျော်ထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ ယခုအပတ် ကုလားပဲဖြူလုံးကြီး အရောင်းအဝယ်လျော့ပေမဲ့ အခြားပဲများ ထက်ပိုပြီး အဝယ်ရှိတာကြောင့် ဆက်လက်တင်ပို့နိုင်မယ်လို့ ကုန်သည်များက ခန့်မှန်း ကြပါတယ်။      MIRT- MAPT