Main menu

Background

ယခုတစ်ပတ် ထောပတ်ပဲနဲ့ မြေထောက်ပဲ အရောင်းအနည်းငယ်တက်လာ

Sun, 08/07/2011 - 06:30 -- Anonymous (not verified)

ယခုတစ်ပတ် ထောပတ်ပဲနဲ့ မြေထောက်ပဲ အရောင်းအနည်းငယ်တက်လာ                ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ထောပတ်ပဲ နဲ့ မြေထောက်ပဲတို့ အရောင်းအဝယ်စာချုပ်ချုပ်နိုင်မှုဟာ ယခုအပတ် ဇူလိုင်လ ၂၉ ရက်မှ သြဂုတ်လ ၄ ရက်ထိ ထောပတ်ပဲ တန် ၁၃ဝ ကျော်၊ မြေထောက်ပဲ FAQ တန် ၃၃ဝ ခန့် ရောင်းဝယ်နိုင်ခဲ့ပါတယ်။ ယခင်အပတ် ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်အတွင်း ထောပတ်ပဲတန် ၁ဝဝ၊ မြေထောက်ပဲ တန် ၂၇ဝ ကျော်ရှိတာ ကြောင့် ယခုအပတ် အရောင်းအဝယ်အနည်းငယ်ပိုလာ ပါတယ်။ ယခုအပတ် ထောပတ်ပဲကို တရုတ်၊ ဂျပန်၊ စင်ကာပူနိုင်ငံများကို တင်ပို့ခဲ့ပြီး မြေထောက်ပဲကို အိန္ဒိယ၊ ဂျပန်၊ စင်ကာပူနိုင်ငံများကို တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ရန်ကုန် FOB ကဈေးများအနေနဲ့ သြဂုတ်လ ၄ ၇က်မှာ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၅ဝ-၇၈ဝ၊ မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၆၃ဝ-၆၅ဝ ဖြစ်တာကြောင့် ယခုအပတ် ထောပတ်ပဲဈေးငြိမ်ပြီး မြေထောက်ပဲဈေး ပို လာတာ တွေ့ရပါတယ်။ MIRT- MAPT