Main menu

Background

မိုးပဲစိုက်ပျိုးမှု အခြေအနေကောင်းမွန်တာကြောင့် အိန္ဒိယကုလားပဲဈေးလျော့ကျလာ

Sun, 08/07/2011 - 06:43 -- Anonymous (not verified)

မိုးပဲစိုက်ပျိုးမှု အခြေအနေကောင်းမွန်တာကြောင့် အိန္ဒိယကုလားပဲဈေးလျော့ကျလာ                  အိန္ဒိယနိုင်ငံ အဓိကပဲစိုက်ပျိုးရာ ပြည်နယ်များမှာ မိုး ပဲမျိုးစုံ စိုက်ပျိုးမှု တိုးတက်နေခြင်းနဲ့အတူ ကုန်သည်များမှ ဈေး အမြင့်မှာ ဝယ်ယူမှုနည်းတာကြောင့် ကုလားပဲဈေးများ ယခင် ရက်ထက်လျော့ကျခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပါလီမန်အစည်းအဝေးမှာ ဈေးနှုန်းမြင့်တက်မှုနဲ့ ပတ်သက်လို့ ဆွေးနွေးခြင်းများကြောင့်လည်း ဈေးနှုန်းကို ကန့်သတ်စေ တယ် လို့ ခန့်မှန်းကြပါတယ်။                 NCDEX  မှာ သြဂုတ်လ ကုလားပဲ စာခုျပ်ဈေးက တစ်တန်ကို ဝ ဒသမ ၆၂ ရာခိုင်နှုန်းကျဆင်းပြီး ရူပီး ၃ဝ၆၁ဝ (ကန်ဒေါ်လာ ၆ဝ၃ ဒသမ ၄၈) ဈေးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲတော်ကာလဖြစ်တဲ့ လာမယ့်ရက်တွေမှာတော့ ကုလားပဲ ဈေး ခိုင်မာဖွယ်ရှိတယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။                  ပဲအဓိကစိုက်ပျိုးတဲ့ မဒ္ဒရာပရာဒေ့ရှ်၊ အတ္တရာပရာဒေ့ရှ်နဲ့ မဟာရပ်ရှတရာတို့မှာ မိုးရွာသွန်းမှု တိုးတက်နေခြင်းကြောင့် ပဲထုတ်လုပ်မှု ဆက်လက်မြင့်တက်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ယမင်းခင် Source: commodityonline