အိန္ဒိယဈေးကွက်များအတွင်း လက်ကျန်လံျှနေတာကြောင့် နနွင်းဈေးကျဆင်း အိန္ဒိယနိုင်ငံ အီရော့နနွင်းဈေးကွက်အတွင်း နနွင်းဝင်ရောက်မှုမှာ မျှော်မှန်းမထားတဲ့ ပမာဏနဲ့ ဝင်ရောက်လာတာကြောင့် တစ်တန်ကို ရူပီး ၅၈ဝဝ (ကန်ဒေါ်လာ ၁၂၉ ဒသမဝ၅) ကျဆင်းခဲ့ပြီး အခြားဈေးကွက် တွေမှာလည်း ရူပီး ၂ဝဝဝ (ကန်ဒေါ်လာ ၄၇ ဒသမ ၆၅) ကျဆင်းခဲ့တယ်လို့ အီရော့နနွင်းကုန်သည်များ အသင်း ဥက္ကဌ မစ္စတာ အာကေဗွီရာဗီရှန်ကာမှ ပြောကြားပါတယ်။ နနွင်းဈေး ထိုးကျဆင်းခြင်းအပေါ် တောင်သူများ ထိတ်လန့် နေကြတယ်လို့ ဆိုပါတယ်။ ပုံမှန်အားဖြင့် ယခုလိုရာသီမှာ နနွင်းဈေးကွက်အတွင်း ဝင်ရောက်မှု လျော့ကျပေမဲ့ ယခုနှစ်မှာတော့ နနွင်းစိုက် တောင်သူ တွေက လက်ကျန်တွေ သယ်ယူရောင်းချတာကြောင့် ဈေးကျဆင်းရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်ပတင်ပို့နေတဲ့ ဝယ်လက် တွေကလည်း ဈေးအနိမ့်နဲ့ နည်းနည်းပဲ ဝယ်ယူတယ်လို့ ဆိုပါတယ်။ နနွင်းကြိုပွိုင့်ဈေးကွက်မှာ သြဂုတ်လ ၁ ရက်နေ့က တစ်တန်ကို ရူပီး ၇ဝ၅ဝဝ-၇၁၃ဝဝ (ကန်ဒေါ်လာ ၁၇၇၄-၁၇၉၂) ဈေးရှိပြီး ထပ်မံ ကျဆင်းနိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။ ဈေးကွက်ထိန်းသိမ်းရေးကော်မတီဝင်းမှာ နနွင်းတစ်တန်ကို ရူပီး ၅၈ဝဝ (ကန်ဒေါ်လာ ၁၂၉.ဝ၅)ကျဆင်းပြီး ရူပီး ၆၄ဝ၆ဝ (ကန်ဒေါ်လာ ၁၇၃ဝ) ဖြစ်ခဲ့လို့ ယခုနှစ်အတွင်း နနွင်းလက်ချောင်းဈေးဟာ အနိမ့်ဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင်၊ Source: businessline
Background