ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန်လာခြင်းနှင့် ဆောင်းရာသီအတွက် လောင်စာဝယ်လိုအား မြင့်မားခြင်းက ရေနံစိမ်းဈေးနှုန်းကို မြှင့်တင်ပေးလိမ့်ဦးမည် အမေရိကန် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်အကြား ေြွကးမြီ သက်တမ်းမြှင့်တင်ရေး ဆွေးနွေးမှုမှ သဘောတူညီမှုရရှိပြီဖြစ်ရာ တစ်ပတ်ကြာကျဆင်းသွားတဲ့ ရေနံစိမ်းဈေးနှုန်း ပြန်လည် မြင့်မားလာတယ်။ ဒါကြောင့် စက်တင်ဘာလ အရောက်ပို့ရမဲ့ ရေနံစိမ်းက တစ်စည်ကို၁ဒသမ ၅၉ဒေါ်လာ မြင့်မားကာ ၉၇ ဒသမ ၂၉ ဒေါ်လာနဲ့ နယူးယောက်ကုန်စည်ရောင်းဝယ်ရေးမှာ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ ဇူလိုင်လ အတွင်း ရေနံစိမ်းဈေးနှုန်း သုည ဒသမ ၃ ရာခိုင်နှုန်း မြင့်မားခဲ့တယ်။ စက်တင်ဘာလ ငွေချေမယ့် ဘရန့် အမျိုးအစား ရေနံစိမ်းကလည်း တစ်စည်ကို ၁ ဒသမ ၄၁ ဒေါ်လာ(၁ ဒသမ ၂ ရာခိုင်နှုန်း) မြင့်မားကာ ၁၁၈ ဒသမ ၁၅ ဒေါ်လာနဲ့ လန်ဒန် ICE Futures Europe Exchange မှာ အရောင်း အဝယ်ဖြစ်ခဲ့တယ်။ ကာလတိုအတွင်း ရေနံစိမ်းတစ်စည်ကို ၉၅ ဒေါ်လာမှ ၁ဝ၅ဒေါ်လာအကြား ရှိနေလိမ့်မယ်ခန့် မှန်းခဲ့တဲ့တိုကျိုရှိပွဲစားကုမ္ပဏီ DNewedge Group မှ ကုန်စည်အရောင်းမန်နေဂျာ Ken Ltasegawa က ''ကမ္ဘာ့စီးပွား ရေးပြန်လည်ကောင်းမွန်လာခြင်းနဲ့ လာမယ့် ဆောင်းရာသီအတွက် လောင်စာ ဝယ်လိုအား မြင့်မားခြင်းက ရေနံစိမ်း ဈေးနှုန်းကို မြှင့်တင်ပေးလိမ့်ဦးမည်'' လို့ ခန့်မှန်းထားတယ်။ ဇူလိုင်လအတွင်း တရုတ်နိုင်ငံရဲ့ ကုန်ပစ္စည်းထုတ်လုပ်မှု အညွှန်းကိန်းက စီးပွားရေးပညာရှင်တွေ ခန့်မှန်းထား တာထက် ပိုမိုမြင့်မားလာခြင်းကလည်း ရေနံစိမ်းဈေးနှုန်းကို မြင့်မားစေတဲ့ အချက်အလက်ဖြစ်တယ်လို့သိရပါတယ်။ Source:Bloomberg.com, ပပ
Background
