Main menu

Background

ယခုနှစ်အတွင်း ကန်ဒေါ်လာတန်ဖိုး ၇ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်း

Sun, 08/07/2011 - 07:37 -- Anonymous (not verified)

ယခုနှစ်အတွင်း ကန်ဒေါ်လာတန်ဖိုး ၇ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်း                  အမေရိကန်သမ္မတ အိုဘားမားနဲ့ ကွန်ဂရက် ခေါင်းဆောင်တွေအကြား ေြွကးမြီသက်တမ်းတိုးမြှင့်ရေး ညှိနှိုင်း သဘောတူပြီးသွားတဲ့သတင်းက လုံခြုံ စိတ်ချရတဲ့ ငွေကြေးအချို့ကို ဝယ်လို အားကျဆင်းစေရာ ဂျပန်ယန်းငွေက လဲလှယ်ဖက်ငွေကြေးတွေနဲ့ နှိုင်းယှဉ်ရင် တန်ဖိုးကျဆင်းသွားခဲ့တယ်။ ဒါကြောင့် ဇူလိုင် ၂၉ရက်က နယူး ယောက်မှာ တစ်ဒေါ်လာကို ၇၆ ဒသမ ၇၆ ယန်းရှိခဲ့တဲ့ ဂျပန်ယန်းက သြဂုတ် ၁ ရက်မှာ တစ်ဒေါ်လာကို ၇၇ ဒသမ ၅၈ ယန်းထိ ယန်းတန်ဖိုး ၁ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်။ ဒါပေမဲ့ ယခုနှစ်အတွင်း ကန်ဒေါ်လာတန်ဖိုး ၇ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းပြီးဖြစ်ရာ ဖွံ့ဖြိုးပြီးနိုင်ငံ ၁ဝ နိုင်ငံ ငွေကြေးတွေမှာ အမေရိကန်ဒေါ်လာက စွမ်းဆောင်နိုင် မှုအားအနည်းဆုံးငွေကြေးဖြစ်လာတယ်။                   ယူရိုငွေတန်ဖိုးကလည်း လဲလှယ် ဖက်ငွေကြေးအများစုနဲ့ယှဉ်ရင် တန်ဖိုး ကျဆင်းသွားတယ်လို့သိရတယ်။ အီးယူ ဒေသြွေကးမြီပြဿနာအကျပ်အတည်း ကာလကြာရှည်နေမှုအပေါ် စိုးရိမ်ပူပန် နေချိန်မှာ စပိန်နိုင်ငံကလည်း ယခုရက် သတ္တပတ်အတွင်း အစိုးရငွေချေးစာချုပ် တွေ ရောင်းချပေးလိမ့်ဦးမဲ့ သတင်းက ယူရိုငွေတန်ဖိုးကို ကျဆင်းစေခြင်းဖြစ်တယ်။ Source:Bloomberg.com, ပပ