Main menu

Background

ရောင်းလိုအားတိုးတက်မှုကြောင့် စားအုန်းဆီဈေးနှုန်းများ တစ်တန်လျှင် ကန်ဒေါ်လာ ၉၅၂ သို့ ဈေးထိုးကျသွားနိုင်

Sun, 08/07/2011 - 10:48 -- Anonymous (not verified)

 ရောင်းလိုအားတိုးတက်မှုကြောင့် စားအုန်းဆီဈေးနှုန်းများ တစ်တန်လျှင် ကန်ဒေါ်လာ ၉၅၂ သို့ ဈေးထိုးကျသွားနိုင်                 စားအုန်းဆီအများဆုံးစိုက်ပျိုးတဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားတို့မှာ စားအုန်းဆီ ထုတ်လုပ်မှုခုန်တက်သွားတာကြောင့် စက်တင်ဘာလသင်္ဘောတင်မဲ့ စားအုန်းဆီ ဈေးနှုန်းက တစ်တန်ကို ၂၈ဝဝ ရင်းဂစ် (တစ်တန်ကို ကန်ဒေါ်လာ ၉၅၂) ကို ဈေးကျသွားနိုင်ကြောင်း Godrej International Ltd ရဲ့ ညွှန်ကြားရေးမှူး Dorab Mistry  က ပြောကြားလိုက်တယ်။၂ဝ၁၁ ခုနှစ်မှာ မလေးရှားရဲ့ စားအုန်းဆီထုတ် လုပ်မှု တန်ချိန် ၂ သန်းပိုမိုထွက်ရှိ ကာ တန်ချိန် ၁၉ သန်းကို ရောက်ရှိနိုင်ကြောင်းနဲ့ အင်ဒိုနီးရှားက တန်ချိန် ၃ သန်းပိုမိုထွက်ရှိကာ တန်ချိန် ၂၅ ဒသမ ၅ သန်းကို ရောက်ရှိနိုင်ကြောင်း Dorab Mistry  ကဖြည့်စွက်ပြောကြားလိုက်တယ်။                 စားအုန်းဆီဈေးနှုန်းကျဆင်းမှုကြောင့် ဖေဖော်ဝါရီလက စံချိန်တင်မြင့်တက်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ စားသောက်ကုန် ကုန်ကျစရိတ်ကို လျော့ကျသွားစေနိုင်ကြောင်း ကုလသမဂ္ဂက သုံးသပ်လိုက်တယ်။                   ယခုနှစ်မှာ စားအုန်းဆီထုတ်လုပ်မှုက မြင့်တက်ဖွယ်ရှိပြီး စက်တင်ဘာနောက် ပိုင်းမှာ ဝယ်လိုအား ကျဆင်းသွားနိုင်တာကြောင့် ကုန်လက်ကျန်လည်းများနေဦးမှာ ဖြစ်ကြောင်း သိရှိရပါတယ်။စားအုန်းဆီဈေးနှုန်းတွေ ဖေဖော်ဝါရီလမှာ စံချိန်တင်မြင့် တက်ခဲ့မှုက ၃၅ လအတွင်း အမြင့်ဆုံးဖြစ်ပြီးမှသာ ထွက်ရှိမှုပိုမိုကောင်းမွန်နိုင်တာ ကြောင့် မလေးရှား ကြိုပွိုင့်ရောင်းဝယ်ရေးမှာ စားအုန်းဆီဈေးနှုန်း ၂၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်။ ဒါပေမဲ့၎င်းဈေးကပဲ လွန်ခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရာမှာ ၂၄ ရာခိုင်နှုန်းမြင့်မားနေသေးတယ်။ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ရေနံစိမ်းဈေးနှုန်း ၂၆ ရာခိုင်နှုန်းမြင့်တက်မှုကြောင့်လည်း ဇီဝလောင်စာအတွက် ဟင်းသီးဟင်းရွက်ဆီ ဝယ်လိုအားကို ဆွဲဆောင် နိုင်ခဲ့တယ်။                        အင်ဒိုနီးရှားနိုင်ငံရဲ့ စားအုန်းဆီကြမ်းထုတ်လုပ်မှုက သိသိသာတိုးတက်လာမှာ ဖြစ်ပြီး မလေးရှားကလည်း သိုလှောင်ထားမှု ဒီဇင်ဘာလမှာ စံချိန်တင်နိုင်မှာဖြစ်တယ်။ ၂ဝဝ၈ ခုနှစ်က စားအုန်းဆီဈေးနှုန်းက တစ်တန်ကို ရင်းဂစ် ၄ဝဝဝ အထိ စံချိန်တင်ရောက်ရှိခဲ့တယ်။ မလေးရှားနိုင်ငံမှာ စားအုန်းဆီအများဆုံးထုတ်လုပ်တဲ့ Sime Darby Bhd. (SIME) ကုမ္ပဏီကမူ စားအုန်းဆီကြမ်းဈေးနှုန်းက ယခုနှစ်ကုန်အထိ တစ်တန်ကို ရင်းဂစ် ၃ဝဝဝ နီးပါး ရှိနေဦးမယ်လို့ ခန့်မှန်းထား တယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူနေမှုအဆင့်အတန်းမြင့်မားလာမှုနဲ့ လူဦးရေတိုးတက် လာမှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ဇီဝလောင်စာဝယ်လိုအားက ယခုနှစ်မှာ တန်ချိန် ၃ သန်းကို တိုးတက်နိုင်ပြီး စားသောက်ကုန်ဝယ်လိုအားက တန်ချိန် ၃ ဒသမ ၅ သန်းတိုးတက်နိုင်ကြောင်း Mistry  ကခန့်မှန်းလိုက်တယ်။ စားသောက်ကုန်နဲ့ လောင်စာဆီအတွက် စားအုန်းဆီက ပဲပုပ်ဆီနဲ့ ပြိုင်ဆိုင်လျက်ရှိတယ်။ ပဲပုပ်ဆီ ဈေးနှုန်းက တစ်တန်ကို ကန်ဒေါ်လာ 1250 (FOB) နဲ့ တည်ငြိမ်နေဦးမယ် လို့ ခန့်မှန်းရတယ်။                     ၂ဝ၁၁ ခုနှစ်မှာ အာဂျင်တီးနား၊ ဘရာဇီးနဲ့ ပါရာဂွိုင်းတို့မှာ ပဲပုပ်ထွက်နှုန်းက မျှော်မှန်းထားတာ ထက်ကောင်းမွန်တာကြောင့် သိုလှောင်ထားမှု ကောင်းမွန်နိုင် ကြောင်း သိရှိရတယ်။ ဒါကြောင့် ၂ဝ၁၁ ခုနှစ်မှာ ပဲပုပ်ဆီ ၂ သန်း ပိုမိုထုတ်လုပ် နိုင်မှာဖြစ်တယ်။ပဲပုပ်ဆီဈေးနှုန်းတွေက တောင်အမေရိနိုင်ငံတွေရဲ့ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလအကြား ရာသီဥတု စပ်ကူးမတ်ကူးကာလမှာ ဈေးနှုန်းအမြင့်ဆုံးကို မြင့်တက်လေ့ရှိတယ်။ အရည်အသွေးမြင့် ပဲပုပ်ဆီနဲ့ စားအုန်း ဆီကြမ်းဈေးနှုန်း ကွာဟချက်က တစ်တန်ကို ကန်ဒေါ်လာ ၂၁၁ ဒသမ ၇၃ ကြားရှိကြောင်း သိရှိရပါတယ်။  အေးမွန်မွန်လှိုင်၊Source:www.bloomberg.com