Main menu

Background

မိုးနှမ်းနက်အသစ်များဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်တဲ့ ပြည်ဈေးကွက်

Sun, 08/07/2011 - 10:54 -- Anonymous (not verified)

မိုးနှမ်းနက်အသစ်များဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်တဲ့ ပြည်ဈေးကွက်                ပြည်ဈေးကွက်သို့ မြန်အောင်၊ ကြံခင်းဘက်မှ မိုးနှမ်းနက်အသစ်များ တစ်နေ့လျှင် အိတ် ၅ဝဝ ခန့် ဝင်ရောက်လာတာ တွေ့ရပါတယ်။ ခုရက်ပိုင်းတွင် ဆီကြိတ် နှမ်းနီဈေးမှာ အနည်းငယ်ပြန်တက်လာတာတွေ့ရပါတယ်။ နှမ်းနီကို နယ်များမှ အဝင်မရှိသေးခြင်းနှင့် ဆီစက်သမားများကဆီကြိတ်ရန် အဝယ်ရှိနေသဖြင့် နှမ်းနီ ဈေးမှာ အနည်းငယ်ပြန်မြင့် လာတာတွေ့ရ ပါတယ်။ နှမ်းနက်ကို အောင်လံ၊ ပေါင်းတည်ဘက်မှ အဝယ်ရှိနေတာကြောင့် တစ်နေ့ကို အိတ် ၅ဝဝ ခန့် အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ နှမ်းနီ ၄၅ ပိဿာတစ်အိတ်လျှင် ၅၄ဝဝဝ ကျပ်ဖြင့် ယခင်အပတ်ထက်ဈေးအနည်းငယ် မြင့်လာပြီး၊ နှမ်းနက် ၄၅ ပိဿာတစ်အိတ်လျှင် ၆၅ဝဝဝ ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်နေကာတွေ့ရပါတယ်။      ဝေဝေမင်း