Main menu

Background

နှမ်းဆီနဲ့ စားဆီဈေးအေးပေမဲ့ မုံရွာမြေပဲဆီဈေးမာ

Sun, 08/07/2011 - 10:56 -- Anonymous (not verified)

နှမ်းဆီနဲ့ စားဆီဈေးအေးပေမဲ့ မုံရွာမြေပဲဆီဈေးမာ                 မုံရွာကုန်စည်ဒိုင် ဆီထွက်သီးနံှနဲ့စားသုံးဆီဈေးကွက် အနေနဲ့ သြဂုတ်လဆန်းမှာ နှမ်းဆီနဲ့စားဆီဈေးအေးပေမဲ့ မြေပဲ ဈေးကတော့ ဆက်လက်မာနေတယ်လို့သိရပါတယ်။ မုံရွာ ဈေးကွက်ထဲကို မိုးဦးနှမ်းတွေအဝင်လှိုင်လာပြီး မန်းနဲ့ နယ်ခံစက်သမားတွေ အဆွဲလေးလို့ဈေးအေးရခြင်းဖြစ်တယ် လို့ ဆိုပါတယ်။ နှမ်းညိုဟာ ပြီးခဲ့တဲ့လက တစ်တင်း ၁၈၅ဝဝ ကျပ်ထိပေါက်ခဲ့ရာက ယခုတစ်ပတ်မှာ ၁၇ဝဝဝကျပ်သို့လည်း ကောင်း၊ နှမ်းဖြူမှာ ၁၉၅ဝဝ ကျပ်မှ ၁၇၅ဝဝ ကျပ်သို့ လည်းကောင်း အသီးသီးဈေးအေးသွားခဲ့ပြီး နှမ်းဆီဈေး အနေနဲ့လည်း ပြီးခဲ့တဲ့လက တစ်ပိဿာ ၂၆ဝဝ ကျပ်ထိပေါက် ခဲ့ရာက ၂၁၅ဝ ကျပ်မှာ ဈေးငြိမ်နေပါတယ်။ ဈေးကွက်ထဲ အဝင်နည်းတဲ့မြေပဲကတော့ အမြင့်ဈေးမှာတန့်နေရာ မြေပဲ လုံးဆံတစ်တင်း ၂၉၅ဝဝ ကျပ်၊ မြေပဲဆံနီ တစ်ပိဿာ ၁၉၇၅ ကျပ်မှ ၂ဝဝဝ ကျပ်၊ မြေပဲဆံအဖြူတစ်ပိဿာ ၁၇၅ဝ ကျပ် အသီးသီးဈေးမာခဲ့ပြီး၊ မြေပဲဆီလည်း တစ်ပိဿာ ၃၅၅ဝ ကျပ်မှာ ဈေးငြိမ်နေတာတွေ့ရပါတယ်။ စားအုန်းဆီဈေးက တော့ တစ်ပိဿာ ၁၉၂ဝ ကျပ်မှ ၁၉၄ဝ ကျပ်အတွင်း ဈေး အေးလျက်ရှိတယ်လို့ ဆီထွက်သီးနံှဈေးကွက်ကသိရပါ တယ်။ စီးထွက်မှုအားဖြင့် ယခု တစ်ပတ်အတွင်း မန္တလေးကို မြေပဲ တင်း ၂၂ဝဝ ကျော်နဲ့ နှမ်းတင်း ၁ဝဝဝ ခန့်ရှိတယ်လို့ သိရပါ တယ်။            ထွန်းလှိုင်