ဘိလပ်မြေတန်ချိန် လေးသောင်းကျော်တင်သွင်း ဇူလိုင်နောက်ဆုံးပတ်မှာတော့ ဘိလပ်မြေတန်ချိန် ၄ဝ၉၁၉ ဒသမ ၆ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးဆယ့်လေးသိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်း လမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာ ထိုင်းနိုင်ငံထုတ် ဆင်တံဆိပ်ဘိလပ် မြေတန်ချိန် ၃၁ဝ၁၉ ဒသမ ၆ဝ တန်နဲ့ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် ၉၉ဝဝ ကို တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် တစ်သောင်းကျော်သာ တင်သွင်း ခဲ့တဲ့ ဘိလပ်မြေက ဒီသီတင်းပတ်မှာ ယခင်အပတ်ထက် တန်ချိန် ၃ ဆကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ဇူလိုင်လ တစ်လရဲ့ ဘိလပ်မြေအဝင်ကို ကြည့်မယ်ဆို ရင် တန်ချိန်စုစုပေါင်း တစ်သိန်းလေးသောင်းကျော်တင်သွင်းနိုင်ခဲ့ပြီး ဇွန်လရဲ့ ဘိလပ် မြေအဝင်စုစုပေါင်းမှာ တန်ချိန် နှစ်သိန်းကျော်ရှိခဲ့တာကြောင့် ဇူလိုင်လမှာ ဇွန်လ ထက် ဘိလပ်မြေအဝင်လျော့နည်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ ဘိလပ်မြေ တန် ၂၅၆ဝ ကျော် ယခုအပတ်မှာအသွင်းရှိ ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၂ ရက်ထိကာလအတွင်း ကန်ပိုက်တီး၊ တာချီလိတ်၊ မြိတ်နဲ့ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၂၅၅ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၂၅၆၆ တန် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်က ထက် ၆၃၈ တန် တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ စခန်းအလိုက် တင်သွင်းမှုများ ကတော့ ကန်ပိုက်တီးမှ ၁၄၃၂ တန်၊ တာချီလိတ်မှ ၈၄၃ တန်ခန့်၊ မြိတ်မှ ၁၃၈ တန်ကျော်နဲ့ မောင်တောမှ ၁၅၃ တန်ဖြစ်ပါတယ်။ ကန်ပိုက်တီး၊ တာချီလိတ်နဲ့ မောင်တောစခန်းများမှတင်သွင်းမှုဟာ ယခင်အပတ်က တင်သွင်းမှုထက် ၄၇၅တန် ပိုမိုခဲ့သော်လည်း မြိတ်နယ်စပ်မှ ၁ဝ၉၉ တန် လျော့နည်းတင်သွင်းခဲ့တာဖြစ်ပါတယ်။ နယ်စပ်မှ ဇူလိုင်လအတွင်း ဘိလပ်မြေတန် ၁၃၃ဝဝ ကျော် တင်သွင်းထားပြီးဖြစ် ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် တိုင်းဒေသကြီး/ အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၄၈၅ဝ ၄၈၅ဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၇၅ဝ ၄၇၅ဝ ဘိလပ်မြေ (မောင်းတိန်း) ၄၇ဝဝ ၄၇ဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၄ဝဝ ၆၄ဝဝ ဘိလပ်မြေ (AAA) ၅၅ဝဝ ၅၅ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၃ဝဝ ၅၃ဝဝ ဘိလပ်မြေ(ဆင်မင်း) ၄၇ဝဝ ၄၇ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၂ဝဝ ၅၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅ဝဝဝ ၅ဝဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၅ဝဝ ၆၅ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ၆၈ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၃ဝဝ ၅၃ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၂ဝဝ ၆၂ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၅ဝဝ ၆၃ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၅ဝဝ ၅၄ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၉ဝဝ ၅၉ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၅ဝဝ ၅၁၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၄၁၅ဝ ၃၈ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၅၃ဝဝ ၅၃ဝဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၄ဝဝ ၆၄ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၅ဝဝ ၅၅ဝဝ ဘိလပ်မြေ(ကြံ့)ထိုင်း ၆ဝဝဝ ၆ဝဝဝMIRT (MAPT)
Background