Main menu

Background

မျှော်လင့်လျက်ပါ နှမ်း Buyer

Tue, 08/09/2011 - 04:44 -- Anonymous (not verified)

မျှော်လင့်လျက်ပါ နှမ်း Buyer                  ဒီနှစ်တော့ အထွက်အရမ်းကောင်းမယ်လို့ မျှော်လင့်နေကြတဲ့ သီးနံှက နှမ်းပါပဲ။ တောင်သူတွေကလည်း နှမ်း ကို အများကြီး မျှော်လင့်ကြပါတယ်။ အထွက်ကော ဈေးကော မျှော်လင့်ကြ တာပါ။ ဒီနှစ်အညာမှာ ရွာတဲ့မိုးက စောပါတယ်။ မေလ၊ ဇွန်လတွေမှာ မိုးကောင်းခဲ့လို့ မိုးနှမ်းတွေအစောစိုက် ကြပါတယ်။ စိုက်ပြီးတော့ မိုးရွာနေပူက အချိန်ကိုက်လေးဖြစ်နေလို့ နှမ်းကြိုက် တဲ့ရာသီဥတုလို့ အညာမှာ ပြောကြ ပါတယ်။                     အထူးသဖြင့် မကွေးတိုင်းက နှမ်း စိုက်များပုံဟာ ကြောက်စရာတောင် ကောင်းတယ်လို့ တချို့ပြောကြပါ တယ်။ မျက်စိတစ်ဆုံး နှမ်းခင်းကြီးတွေ မြင်နေရပါတယ်။ အခုလဲ နှမ်းတွေရိတ် ကြ ပေါ်ကြပါပြီ။ အခုအချိန်မှာတော့ မန္တလေးကထိန်တော်အသင်းမှာ နှမ်းဖြူ တစ်ပိဿာ ၁၂၆၇ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၁၄၄၄ ကျပ်၊ နှမ်းနီ/ညို တစ် ပိဿာ ၁၁၄၄ ကျပ် ဖြစ်ပါတယ်။                   ဆီဈေးကျလို့ နှမ်းဈေးလည်း အဆင်း မှာရှိပါတယ်။ ဧပြီ၊ မေလတွေတုန်းက နှမ်းဆီဈေးက တစ်ပိဿာ ၃၃ဝဝ- ၃၄ဝဝ ကျပ်၊ လက်လီဈေးရှိရာကနေ ယခုဈေးက ၂၅ဝဝ ကျပ် ဖြစ်ပါတယ်။ နှမ်းဖတ်ကလည်း အလားတူပါပဲ။ မေလက တစ်ပိဿာ ၅၇ဝ-၆ဝဝ ကျပ် ကနေ ဈေးဆင်းလာပြီး ယခုဈေးက တစ်ပိဿာကို ၄၄ဝ ကျပ်ဖြစ်ပါတယ်။ ယခုနှမ်းက သိပ်ဖြစ်ထွန်းပြီး မြင်သာ လာတဲ့အချိန်မှာတော့ တောင်သူတွေ ရော၊ ကုန်သည်တွေရော စိုးရိမ်လာတာ က ဈေးသိပ်ကျဆင်းသွားမှာကို စိုးရိမ် နေကြပါပြီ။          တရုတ်လိုင်းဘက်ကို ကြည့်ရင် လည်း နှမ်းအဝယ်က ယခင်နှစ်လောက် မဆွဲပါဘူး။ အရောင်းအဝယ် အေး     ဈေးအေးနေရင် အရည်အသွေးပိုင်း ကစကားပြောတတ်လို့ တောင်သူရော၊ ကုန်သည်ရော နှမ်းအရောအနှော ကင်း ကင်းနဲ့ အရည်အသွေးကောင်းအောင် လုပ်ကြဖို့လိုမယ်လို့ မန္တလေးကုန်သည် တစ်ဦးက ဆိုပါတယ်။                    ဒီနှစ်မှာ ပဲဈေးမကောင်းလှတာ ကြောင့် ယခုထွက်မဲ့ နှမ်းက အညာ တောင်သူတွေ အတွက် မျှော်လင့်ချက် ရောင်ခြည်ပါ။ ပြောရရင်တော့ မျှော်လင့်လျက်ပါ နှမ်း Buyer  ပေါ့ဗျာ။           မျိုးသူ