မျှော်သူမောပြီ ဒီနှစ်ကုလားပဲဖြူလုံးကြီးဟာ ဖေဖော်ဝါရီလလယ်က တစ်တင်းကို ၁၉ဝဝဝ ကျပ်နဲ့စတင်ထွက်ပေါ်ခဲ့ပြီး မတ်လလယ်မှာ ၁၈၂ဝဝ ကျပ်၊ ဧပြီလ လယ်မှာ ကျပ် ၁၉ဝဝဝ ၊ မေလလယ်မှာ ကျပ် ၁၈၇ဝဝ နဲ့ ဇွန်လလယ်မှာ တော့ ကျပ် ၁၅၈ဝဝ ထိကျခဲ့ပြီး ဇူလိုင်လလယ်မှာ ကျပ် ၁၉ဝဝဝ ထိ ပြန် ရောက်လာခဲ့ပါတယ်။ ပြည်တွင်းဈေးကွက်မှာရော ပြည်ပဝယ်လိုအားတွေ မှာ မြင့်တက်လာတာကြောင့် ဇူလိုင်တတိယပတ်ကစပြီး ကျပ် ၂ဝ၆ဝဝ ထိရောက်ရာမှ လကုန်နေ့မှာတော့ ပခုက္ကူမှာ ကုလားပဲဖြူလုံးကြီး တစ်တင်း ကို ကျပ် ၂၂၂ဝဝ ထိ အမြင့်ဆုံး တက်လာခဲ့ပါတယ်။ ဒီနှစ်ပဲမျိုးစုံ တာဝေးအပြေးပြိုင်ပွဲမှာတော့ ပေါ်စဈေးထက် ၁၆ ဒသမ ၈၄ ရာခိုင်နှုန်းမြင့်တက်ခဲ့တော့ ရွှေတံဆိပ်ဆုချသင့်တဲ့ ကုလားပဲဖြူလုံးကြီး ပါတဲ့။ လှောင်လက်တွေကို သတိပေးလိုတာက ပုစွန်အသာထား၊ လက်အရ ပြန်နုတ်ဖို့ပါပဲ။ အရင်ရဘူးခဲ့တဲ့ ပုစွန်လုံးကြီးတွေကို ဆက်မျှော်မနေဘဲ ငါးသေးငါးနုတ် ပုစွန်ဆိပ်ကလေးတွေ ပလိုင်းထဲမှာ အိတ်ဝင် သပိတ်ဝင် ဟင်းစားအတွက် ရနေပါပြီ။ မနှစ်ကနဲ့ ဒီနှစ်အတွေ့အကြုံများအရ မျှော်သူ မောရပါတယ်။ ပါးပါးမြတ်ရင်ရောင်းလိုက်ပါ။ နောက်တစ်မယ် ထပ်ကူဝယ်ပါ၊ ရောင်းပါလို့ သတိပေးလိုက်ပါရစေ။ မောင်မောင်အေး
Background