မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ရေထွက်ကုန် တင်ပို့မှု လျော့ကျ ဇူလိုင်လ ၂၇ ရက်မှ သြဂုတ်လ ၂ ရက်ထိ ကာလ အတွင်း မူဆယ် ၁ဝ၅ မိုင်မှ ရေထွက်ကုန် ကဏန်း၊ ငါးရှဉ့်၊ ရေငန်ငါးမျိုးစုံများ တင်ပို့မှု ယခင်အပတ်ကထက် သိသိ သာသာ လျော့ကျလျက် ရှိပါတယ်။ မူဆယ်မှ တင်ပို့တဲ့ရေထွက်ကုန်များ စုဆောင်းရာ မြစ်ဝကျွန်းပေါ်ဒေသများနဲ့ ရခိုင်ပြည်နယ် စစ်တွေတို့မှာ မိုးသည်းထန်စွာ ရွာသွန်းနေမှု များကြောင့် စုဆောင်းရရှိမှုနည်းခြင်း၊ သယ်ယူပို့ဆောင်မှု ခက်ခဲခြင်းတို့ကြောင့် လို့သိရပါတယ်။ ဈေးနှုန်းများမှာလည်း သိသိသာ သာလျော့နည်းနေပြီး ငါးရှဉ့်၊ကဏန်းဒိုင်များ အနေ နဲ့လည်း ပစ္စည်းဝင်ရောက်မှု (ကုန်တက်) ပမာဏနဲ့ ပစ္စည်း အရည်အသွေးပေါ်မူတည်ပြီး ကြားခံဈေးများ သတ် မှတ်ပေး ရတာ ဖြစ်ပါတယ်။ မိမိဖက်နဲ့ တစ်ဖက် နိုင်ငံ မြေပြင် ပေါက် ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ငါးရှဉ့် ၁၉၃၅ဝဝဝ ၂၃၂၂၆ဝဝ ၃၈၇၆ဝဝ ၂ဝ ၂၅ဝဝ ၂၇၄ဝ ၂၄ဝ ၁ဝကဏန်း (ဂရမ်)၂၅ဝဂရမ်အထက် ၂၁၄၃၉၈ဝ ၃၁၆ဝဝဝဝ ၁ဝ၁၆ဝ၂ဝ ၄၇ ၂၇၇ဝ ၄၁၅ဝ ၁၃၈ဝ ၅ဝ၂ဝဝ-၂၅ဝ ဂရမ် ၁၉၈၉၁၈ဝ ၃ဝဝ၂ဝဝဝ ၁ဝ၁၂၈၂ဝ ၅ဝ ၂၅၇ဝ ၃၉၅ဝ ၁၃၈ဝ ၅၄၁၅ဝ-၂ဝဝ ဂရမ် ၁၈၃၄၃၈ဝ ၂၈၄၄ဝဝဝ ၁ဝဝ၉၆၂ဝ ၅၅ ၂၃၇ဝ ၃၇၅ဝ ၁၃၈ဝ ၅၈၁ဝဝ-၁၅ဝ ဂရမ် ၁၇၁၈၂၈ဝ ၂၇၂၅၅ဝဝ ၁ဝဝ၇၂၂ဝ ၅၉ ၂၂၂ဝ ၃၆ဝဝ ၁၃၈ဝ ၆၂ ယခုအပတ် မူဆယ်နယ်စပ်မှ ရေထွက်ကုန်တင်ပို့မှုများကတော့ ကန်ဒေါ်လာ ဝ ဒသမ ၈၆၄ သန်းတန်ဖိုးရှိ ငါးရှဉ့် ၃၂၂ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၃၇ဝ သန်းတန်ဖိုးရှိ ကဏန်း တန် ၁၂ဝ၊ ကန်ဒေါ်လာ ဝ ဒသမ ဝ၈၃ သန်းတန်ဖိုးရှိ ရေငန်ငါးမျိုးစုံ ၄၂ ဒသမ ၂၇၈ တန်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ဝ၇၉ သန်းတန်ဖိုးရှိ ငါးဆားနယ် ၆၆ တန်ခန့်ဖြစ်ပါတယ်။ ယခင်အပတ်ကထက် ငါးရှဉ့် ၇၂၇ တန်၊ ကဏန်း ၃၉၅ တန်၊ ရေငန်ငါးမိုျးစုံ ၂၅ တန်လျော့ နည်းတင်ပို့ခဲ့ပြီး ယခင်အပတ်က တင်ပို့ခဲ့ခြင်း မရှိပေမဲ့ ယခုအပတ်မှာ ငါးဆားနယ် အပို့ရှိခဲ့ပါတယ်။ MIRT(DOBT)
Background