စစ်တွေနယ်စပ်ရဲ့ ရေထွက်ပစ္စည်းတင်ပို့မှု ပိုလာ ဇူလိုင် ၂၇ ရက်မှ သြဂုတ် ၂ ရက်ထိ ကာလအတွင်း စစ်တွေနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေငန်ငါးသလောက် ၁ တန် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ဝဝ၂ သန်း၊ ရေငန်ပုစွန် ၃ တန်ကျော် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ဝ၁၈ သန်းနှင့် ရေချိုငါး တန်ချိန် ၄ဝဝ ကျော် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ၃၄၆သန်း၊ စုစုပေါင်းတန်ချိန် ၄၂ဝ ကျော် တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၃၆၆ သန်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန်ချိန် ၁၉ဝ ကျော်သာ တင်ပို့နိုင်ခဲ့ပြီး ယခုအပတ်မှာ တန်ချိန် ၂၃ဝ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုလိုပိုမိုတင်ပို့နိုင်ခြင်းဟာ ယခင်အပတ်က ရေချိုငါးတန်ချိန် ၁၈ဝ ကျော်သာ တင်ပို့နိုင်ခဲ့ပြီး၊ ယခုအပတ်မှာ တန်ချိန် ၄ဝဝ ကျော် တင်ပို့နိုင်ခဲ့တဲ့အပြင် ရေငန်ငါးသလောက်ပါ တင်ပို့နိုင်ခဲ့လို့ဖြစ်ပါတယ်။ မိမိဘက်မြေပြင်ပေါက်ေ ဈးများကတော့ ရေချိုငါး ၁ တန်ကို ကန်ဒေါ်လာ ၇၇၅ မှ ၁၄၂၈ ထိ ဖြစ်ပြီး၊ ရေငန်ပုစွန် ၁ တန်ကို ကန်ဒေါ်လာ ၄၂ဝဝ မှ ၁ဝ၅ဝဝ ထိနှင့် ရေငန်ငါးသလောက် ၁ တန်ကို ကန်ဒေါ်လာ ၁၆ဝဝ ဈေးပေါက်လျက်ရှိပြီးယခင်အပတ်အ တိုင်း ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ တင်တင်ထွန်း၊MIRT(DOBT)
Background