တရုတ်၏ ကုန်ပြန်လည်ဖြည့်တင်းမှုကြောင့် ပြောင်းတင်သွင်းမှုမြင့်တက်နိုင် ကမ္ဘာ့ပြောင်း ဒုတိယအများဆုံးစားသုံးတဲ့ တရုတ်နိုင်ငံက တိရစ္ဆာန်စာအတွက် ဝယ်လိုအား တိုးတက်လာ ရာ ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကစတင်ကာ ပြောင်းကို ပြန်လည်သိုလှောင်ထားနိုင်ဖို့ ပြောင်းကိုတင်သွင်းနိုင်ကြောင်းYigu Information Consulting Ltd. ကုမ္ပဏီက ခန့်မှန်းလိုက်တယ်။ ပြည်တွင်းပြောင်းထုတ်လုပ်မှုက နိုင်ငံတော်အရန်သိုလှောင်ထားမှုနဲ့ တိုးတက် လာတဲ့ ဝယ်လိုအား ကိုပြည့်မီအောင် ထွက်ရှိမှာ မဟုတ်ကြောင်း သုတေသနပညာရှင် Zhang Qi ကပြောကြားလိုက်တယ်။ တရုတ် က ပြည်တွင်းငွေကြေးဖောင်းပွမှု သုံးနှစ်အတွင်းအမြင့်ဆုံးကို ရောက်ရှိခဲ့မှုကြောင့် ဈေးနှုန်းတွေ သက်သာဖြေလျော့ စေဖို့အတွက် ပြောင်းနဲ့ ပဲပုပ်ကို နိုင်ငံတော်အရန် သိုလှောင်ထားမှုမှ ထုတ်ရောင်းချ ပေးလျက်ရှိတယ်။ ပြီးခဲ့တဲ့လမှာ ဝက်သား ဈေးနှုန်းက ၅၇ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်။ ဒါကြောင့် နိုင်ငံတော်သိုလှောင်ထားမှုပြုလုပ်ဖို့အတွက် နိုင်ငံရပ်ခြားမှ သင်္ဘော တင် ဝယ်ယူဖို့ ရှာဖွေနိုင်ဖွယ်ရှိကြောင်း Zhang Qi က ခန့်မှန်းထားတယ်။ အောက်တိုဘာလနဲ့နိုဝင်ဘာလအတွင်း ရောင်းလိုအား ကျပ်တည်းနိုင်ကြောင်းနဲ့ လယ်သမားတွေကလည်း ရောင်းလိုအားတင်းကျပ်မှုကြောင့် ဈေးနှုန်းအမြင့်ကိုလည်း မျှော်မှန်းကြမှာဖြစ်တယ်။ လာမဲ့နှစ်အနည်းငယ်အတွင်းမှာ တရုတ်က နှစ်စဉ်အများဆုံးတင်သွင်းနေတဲ့ အမေရိကန်ပြည်ထောင်စုမှ ပြောင်းကို တန်ချိန် ၁၅ သန်းပိုမိုတင်သွင်းနိုင်ဖွယ် ရှိ ကြောင်း အမေရိကန်လယ်ယာစိုက်ပိုျးရေးဌာန မူဝါဒဌာန ညွှန်ကြားရေးမှူး Michael Dwyer က ခန့်မှန်းထားတယ်။ ချီကာဂိုကုန်သွယ်ရေးမှာ ဒီဇင်ဘာလ သင်္ဘောတင်မဲ့ ပြောင်းဈေးနှုန်းက သုည ဒသမ ၄ ရာခိုင်နှုန်း တက်သွားကာ တစ်တန်ကို ကန်ဒေါ်လာ ၂၇၁ ဒသမ ၁၆ နဲ့ ချုပ်ဆိုခဲ့ပါတယ်။ တရုတ်က ပြောင်းအစား ပိုမိုဈေးချိုတဲ့ ဂံျုတန်ချိန် ၁၆ သန်းကို အစားထိုးသုံးစွဲနိုင်ကြောင်း ခန့်မှန်းထားတယ်။ ယခုနှစ်မှာ ပြောင်းစိုက်ပျိုးရာမှာ အသုံးပြုတဲ့ ဓာတ်မြေသြဇာ၊ မျိုးစေ့နဲ့ ပေါင်းသတ်ဆေးဈေးနှုန်းတွေက ယခင်နှစ်နဲ့ နှိုင်းယှဉ်ရာမှာ ၁၅ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့တယ်။ အာဂျင်တီးနားက လာမဲ့ နှစ်မှာ တရုတ်ကို ပြောင်းတင်ပို့ဖို့ မျှော်လင့်လျက်ရှိကြောင်း သတင်းရရှိပါတယ်။ အေးမွန်မွန်လှိုင်၊Source:www.bloomberg.com
Background