Main menu

Background

မတ်ပဲ

Tue, 08/09/2011 - 06:38 -- Anonymous (not verified)

မတ်ပဲ စဉ် ကုန်စည်ဒိုင်         ရေတွက်ပုံ    ယခင်           ယခု     ပြောင်းလဲမှု၁ ဘုရင့်နောင်             ၁ တန်      ၅၄၉ဝဝဝ    ၅၄၇ဝဝဝ၂ မုံရွာ                      ၁ ပိဿာ        ၈၂ဝ        ၈၁၅၃ ပြည်                     ၁ ပိဿာ        ၈၅ဝ        ၈၄ဝ၄ ဟင်္သာတ               ၁ ပိဿာ        ၈၂၅        ၈၂ဝ၅ မန္တလေး                ၁ ပိဿာ         ၇၈၃       ၇၅ဝမတ်ပဲဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ်                       ဘုရင့်နောင်ဈေးကွက်တွင် ဒီတစ်ပတ် ဈေးကွက်စဖွင့်ချိန်မှာ မတ်ပဲ (RC) ကို အိတ်စပို့ဝယ်လက်တွေက တစ်တန်ကို ၅၅ဝဝဝဝ ကျပ်နဲ့အဝယ်ရှိရာမှ နောက်ပိုင်းမှာ ရန်ကုန်ဈေးကွက်တွင် ပို့ကုန်ဝင်ငွေဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေးအနည်းငယ်ကျလာမှုအပေါ်အ ကြောင်းပြပြီး ဈေးချအဝယ်ရှိတာကြောင့် ၂-၈-၂ဝ၁၁ နေ့မှာ တစ် တန်ကို ၅၄၉ဝဝဝ ကျပ်သို့ဈေးကျခဲ့ပြီး ၃-၈-၂ဝ၁၁ နေ့မှာ ၅၄၃ဝဝဝ ကျပ်သို့ထပ်မံဈေးကျခဲ့ကာ ၄-၃-၂ဝ၁၁ နေ့မှာ ၅၄၄ဝဝဝ ကျပ်သို့ ဈေးအနည်းငယ်ပြန်တက်ခဲ့ပြီး ၅-၃-၂ဝ၁၁ နေ့မှာတော့ ၅၄၇ဝဝဝ ကျပ်သို့ ဈေးဆက်လက်မြင့်တက်ခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှု ပမာဏကတော့ တစ်ပတ်အတွင်း တန် ၅၉၈ဝ ခန့် ရှိခဲ့ကြောင်း သိရပါတယ။် မန္တလေးဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း) ကို မြို့ခံဝယ် လက်တွေက တစ်ပိဿာကို ၇၅ဝ ကျပ်(တစ်တန်ကို ၄၅၉၂၉၂ ကျပ်) နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့် အဝယ်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မ်မှာာ ရှိနေတယ်လို့ ဆိုပါတယ်။ မုံရွာဈေးကွက် မှာ မတ်ပဲ(ကုန်ကြမ်း)ကို ရန်ကုန်အဆွဲနည်းပြီး မြို့ခံပဲခွဲစက်တွေက သာအထိုက်အလျောက်ရှိခဲ့တယ်လို့ သိရပါတယ်။ပြည်ဈေး ကွက်မှာ မတ်ပဲ(ကုန်ကြမ်း)က ဈေးကွက်သို့ အဝင်နည်းလာသလို ရန်ကုန်အဆွဲကလည်း နည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာကို ၈၄ဝ ကျပ် (တစ်တန်ကို ၅၁၄၄ဝ၇ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂ဝဝဝ ခန့်သာအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဟင်္သၤာတဈေးကွက်မှာ ဒီတစ် ပတ်မတ်ပဲ(ကုန်ကြမ်း)ကို ရန်ကုန်ဝယ်လက်က ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေးလှုပ်နေတဲ့အပေါ် တွက်ချက် ဝယ်ယူမှုတွေရှိနေသလို ရောင်းသူကုန်သည်များကလည်း ကြိုက်ဈေး မရလို့ အရောင်းအဝယ်ဖြစ်မှုနည်းနေတယ် လို့ မြို့ခံကုန်သည်တစ်ဦး ကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၂ဝ ကျပ် (တစ်တန်ကို ၅ဝ၂၁၅၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ မှ ၁၅ဝဝ ကြားသာဖြစ်ခဲ့တယ်လို့ သိရပါတယ်။