Main menu

Background

ပဲစင်းငုံနီ

Tue, 08/09/2011 - 06:38 -- Anonymous (not verified)

ပဲစင်းငုံနီစဉ် ကုန်စည်ဒိုင်   ရေတွက်ပုံ     ယခင်           ယခု     ပြောင်းလဲမှု၁ ဘုရင့်နောင်       ၁ တန်      ၄၂၂ဝဝဝ   ၄ဝ၃ဝဝဝ၂ မန္တလေး           ၁ ပိဿာ       ၆၃၃        ၆ဝဝ၃ မုံရွာ                ၁ ပိဿာ       ၆၂၅       ၆ဝ၅၄ ပြည်               ၁ ပိဿာ        ၆၄ဝ      ၆၁၅၅ ပခုက္ကူ            ၁ ပိဿာ         ၆၄ဝ     ၆ဝဝ၆ မြင်းခြံ             ၁ ပိဿာ        ၆၃ဝ      ၅၆၅၇ အောင်လံ        ၁ ပိဿာ         ၆၄ဝ      ၅၉ဝ၈ မကွေး            ၁ ပိဿာ        ၆၂၅      ၆၁ဝပဲစင်းငုံနီဈေးကျပြီး အရောင်းအဝယ်ဖြစ်မှုနည်း                  ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို အိတ်စပို့ ဝယ်လက်တွေက ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေဒေါ်လာတစ်ယူ နစ်တန်ဖိုးဈေးကျနေတာရယ်၊ အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာ့ ပဲစင်းငုံဈေးကျဆင်းနေတာရယ်အပေါ် အကြောင်းပြပြီး ဈေးချအဝယ် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို ၄ဝ၃ဝဝဝ ကျပ်မှ ၄၁၈ဝဝဝ ကျပ်အတွင်း တန် ၆၉ဝ ခန့်သာအရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေးကွက်မှာ ပဲစင်းငုံ နီကို ရန်ကုန်ဝယ်လက်က ဈေးနှိမ်ပြီး အဝယ်ရှိနေသလို ရောင်းသူ ကုန်သည်များကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်း နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၆ဝဝ ကျပ်(တစ်တန်ကို ၃၆၇၄၃၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ မှ ၇ဝဝ ကြားသာဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ မုံရွာဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်အနည်းငယ်သာ ဆွဲသလို ဒေသတွင်းဝယ်လက်တွေကလည်း အဝယ်နည်းသွားတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၆ဝ၅ ကျပ် (တစ်တန်ကို ၃၇ဝ၄၉၅ ကျပ်)နဲ့ နေ့စဉ် အိတ် ၂ဝဝ မှ ၅ဝဝ ကြားသာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်အဝယ်အေးသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကကျရိပ်သမ်းနေတယ်လို့ ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၆ဝဝ ကျပ်(တစ်တန် ကို ၃၆၇၄၃၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ မကွေးဈေးကွက်မ် ှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ငွေပြန် ပေါ်လိုသော လှောင်လက်ကုန်သည်အခိုျ့သာ အရောင်းရှိလို့ တစ်ပိဿာကို ၆၁ဝ ကျပ် (တစ်တန်ကို ၃၇၃၅၅၇ ကျပ်)နဲ့ အရောင်းအ ဝယ်အနည်းငယ်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အောင်လံဈေး ကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ် အားပါနည်းလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၅၉ဝ ကျပ် (တစ်တန်ကို ၃၆၁၃၁ဝ ကျပ်)နဲ့ နေ့စဉ် အိတ် ၁ဝဝ ခန့်သာ ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ပြည်ဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် ဝယ်အားလျော့သွားသလို ရောင်းသူကုန်သည်များကလည်း ကြိုက်ဈေးမရတာကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းသွားတယ်လို့ သိရပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၆၁၅ ကျပ်(တစ်တန် ကို ၃၇၆၆၁၉ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၁ဝဝဝ ခန့်သာဖြစ်ခဲ့ ကြောင်း သိရပါတယ်။