Main menu

Background

ပဲတီစိမ်း(အညာ)

Tue, 08/09/2011 - 06:49 -- Anonymous (not verified)

ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင်    ရေတွက်ပုံ     ယခင်    ယခု     ပြောင်းလဲမှု ၁ မုံရွာ                 ၁ ပိဿာ    ၁ဝဝဝ    ၉၇၄ ၂ မန္တလေး            ၁ ပိဿာ      ၉၉၆    ၈၈၉ ၃ မကွေး              ၁ ပိဿာ      ၉၂၂    ၈၄၂ ၄ ပြည်                 ၁ ပိဿာ      ၇၅ဝ     ၇၅ဝ ၅ အောင်လံ           ၁ ပိဿာ      ၈၉ဝ     ၈ဝဝ ပဲတီစိမ်း(အညာ) အောက်ဈေးနဲ့ အရောင်းအဝယ်ဖြစ်                  မုံရွာဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းကြီးတွေ အဝင်ပုံမှန်ရှိပေမယ့် ရန်ကုန်-မန္တလေးဝယ်လက်က ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၉၇၄ ကျပ် (တစ်တန်ကို ၅၉၆၄၆၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ မှ ၅ဝဝ ကြားအ ရောင်း အဝြယ်ဖစခ် တဲ့ ယလ် ို့ ဆပို ါတယ။် မန္တလေးဈေးကွၤက်မှာ ပဲတီစိမ်းကြီးကို တရုတ်ဝယ်လက်က အောက်ဈေးနဲ့ အဆွဲရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မ်မှာာရှိနေတယ်လို့ သိရပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၈၉ ကျပ်(တစ်တန်ကို ၅၄၄၄၁၄ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ မြို့ခံ ကုန်သည်တစ်ဦးကဆိုပါတယ်။ မကွေးဈေးကွက်မ် ှာ ပဲတီစိမ်းကို မန္တလေးဝယ်လက်က အရည်အသွေးကိုကြည့်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၈၄၂ ကျပ် (တစ်တန်ကို ၅၁၅၆၃၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အောင်လံဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းကို ရန်ကုန်ဝယ်လက်က အဝယ် ပါးသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကကျရိပ်သမ်းနေ ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈ဝဝ ကျပ်(တစ်တန်ကို ၄၈၉၉၁၂ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၈ဝဝ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်မှာ ပဲတီစိမ်းကို ရန်ကုန်-မန္တလေးအဆွဲအထိုက်အလျောက်ရှိပေမယ့် ရောင်းသူကုန် သည်များက ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းခဲ့တယ်လို့ သိရပါတယ်။