Main menu

Background

ကုလားပဲဖြူလုံးကြီး

Tue, 08/09/2011 - 06:54 -- Anonymous (not verified)

ကုလားပဲဖြူလုံးကြီးစဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ        ယခင်   ယခု      ပြောင်းလဲမှု၁ ဘုရင့်နောင်          ၁ ပိဿာ    ၁၁၇၅     ၁၂၁၆၂ မန္တလေး               ၁ ပိဿာ    ၁၁၁၈    ၁၁၄၄၃ မုံရွာ                   ၁ ပိဿာ     ၁၁၃၂    ၁၁၃၂၄ ပခုက္ကူ                ၁ ပိဿာ     ၁၁၃၆    ၁၁၃၁၅ မြင်းခြံ                 ၁ ပိဿာ     ၁ဝ၅ဝ    ၁၁၁ဝ၆ ရေစကြို               ၁ ပိဿာ    ၁ဝဝဝ     ၁၁ဝ၅ကုလားပဲဖြူလုံးကြီးကို အိတ်စပို့ဝယ်လက် ဝယ်အားပုံမှန်ရှိနေ                 ဘုရင့်နောင်ဈေးကွက်တွင် ဒီတစ်ပတ် ကုလားပဲဖြူလုံးကြီးကို အိတ်စပို့အဆွဲပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ကုလားပဲဖြူလုံးကြီး(RC)တစ်တန်ကို ၇၄၅ဝဝဝ ကျပ်နဲ့ တန် ၁၁၅ ခန့် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်အဆွဲပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၁၁၄၄ ကျပ်(တစ်တန် ကို ၇ဝဝ၅၇၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ မှ ၁၂ဝဝ ကြားအရောင်းအ ဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပခုက္ကူဈေးကွကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၁၁၃၁ ကျပ်(တစ်တန် ကို ၆၉၂၆၁၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်ဝယ်အားပုံမှန်ရှိခဲ့တယ် လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ မြင်းးခြံေံဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်အဆွဲသွက်နေသလို ရောင်းသူကုန်သည် များကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၁၁ဝ ကျပ်(တစ်တန်ကို ၆၇၉၇၅၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက်အဝယ် သွက်လို့ အရောင်းအဝယ်အားကောင်းနေတယ်လို့ မြို့ခံကုန်သည် တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၁၃၂ ကျပ်(တစ်တန်ကို ၆၉၃၂၂၅ ကျပ်) နဲ့နေ့စဉ်အိတ် ၂ဝဝဝ မှ ၄ဝဝဝ အထိ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။