Main menu

Background

ပြောင်း

Tue, 08/09/2011 - 06:59 -- Anonymous (not verified)

ပြောင်းစဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ    ယခင်        ယခု     ပြောင်းလဲမှု၁ တောင်ကြီး         ၁ ပိဿာ     ၂၄၅          ၂၄၅၂ လားရှိုး              ၁ ပိဿာ     ၂၈၅         ၂၉ဝ၃ မူဆယ်              ၁ တန်      ၂၂၂၅၃၉ ၂၁၇၅၁၈၄ မန္တလေး            ၁ ပိဿာ      ၂၆၉        ၂၆၉၅ မြင်းခြံ              ၁ ပိဿာ      ၂၆ဝ        ၂၆၅၆ ဟင်္သာတ          ၁ ပိဿာ      ၂၆ဝ        ၂၅ဝ၇ ရေစကြို            ၁ ပိဿာ      ၂၅၆         ၂၅၆ပြောင်းကို အိတ်စပို့ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိ              တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပြောင်းက ဈေးကွက်သို့အဝင်နည်းလာပြီး အရောင်းအဝယ် ထင်သလောက်မဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြောင်းကို ရန်ကုန်ဝယ်လက်အပြင် ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များက တစ်ပိဿာ ၂၄၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၃ဝဝဝဝဝ ခန့်သာ အဝယ်ရှိ ခဲ့ကြောင်း ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ မြင်းခြံဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို မန္တလေး ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိပေမယ့် လှောင်လက်ကုန်သည်များ ဈေးအမြင့်မှန်းတာကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ် လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၂၆၅ ကျပ်နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ မူဆယ်ဈေး ကွက်မှာ ပြောင်းကို တရုတ်ဝယ်လက်က တရုတ်ယွမ်ငွေဈေးကျနေတဲ့ အပေါ် အကြောင်းပြပြီး တွက်ချက်ဝယ်ယူမှုတွေ ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျနေတယ်လို့သိရပါတယ။် လားရှိုှုှုးဈေးကွက်မှာ ပြောင်းကို တရုတ်ဝယ်လက်က တစ်ပိဿာကို  ၂၉ဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၅၇ဝဝ ခန့် အဝယ်ရှိပေမယ့် လှောင်လက်ကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန် နည်းသွား ပြီလို့ ဒေသခံကုန်သည်တစ်ဦးကဆို ပါတယ။် ဟင်္သၤာတဈေးကွက်မှာ ပြောင်းကို ရန်ကုန်အဆွဲပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေး အနည်းငယ်ကျပြီး တစ်ပိဿာကို ၂၅ဝ ကျပ်နဲ့ နေ့စဉ် အိတ် ၄ဝဝ မှ ၅ဝဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။