Main menu

Background

ထိုင်ဝမ်(ကုလားပဲ)

Tue, 08/09/2011 - 07:04 -- Anonymous (not verified)

ထိုင်ဝမ်(ကုလားပဲ)စဉ် ကုန်စည်ဒိုင်      ရေတွက်ပုံ    ယခင်     ယခု     ပြောင်းလဲမှု၁ မန္တလေး               ၁ ပိဿာ     ၈၈၉   ၈၉၈၂ မကွေး                 ၁ ပိဿာ     ၈၅၅   ၈၈ဝ၃ ပခုက္ကူ                 ၁ ပိဿာ      ၈၃၆  ၈၆၈၄ မုံရွာ                   ၁ ပိဿာ      ၈၆၄   ၈၉၅၅ အောင်လံ             ၁ ပိဿာ     ၈၇၅   ၈၇၅၆ မြင်းခြံ                 ၁ ပိဿာ     ၈၇၅   ၈၇၅၇ ရေစကြို               ၁ ပိဿာ      ၈ဝဝ   ၈၆၈၈ ပြည်                   ၁ ပိဿာ      ၈ဝဝ    ၈၉ဝထိုင်ဝမ်(ကုလားပဲ) ကို ခွဲစက်တွေ ဝယ်အားပုံမှန်ရှိလို့ ဈေးစွာလာ               မန္တလေးဈေးကွက်မှာ ထိုင်ဝမ်(ကုလားပဲ)ကို မြို့ခံပဲခွဲစက် တွေက ဝယ်အား ပုံမှန်ရှိနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၉၈ ကျပ်(တစ်တန်ကို ၅၄၉၉၂၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ မှာ ၃ဝဝ ကြား အရောင်းအဝယ် ဖြစ်ခဲ့ တယ်လို့ဆိုပါတယ်။ မံုံရွာဈေးကွက်မှာ ဒီတစ်ပတ်ကုလားပဲကို ပဲခွဲ စက်များနဲ့ အမှုန့်ကြိတ်စက်များက ပစ္စည်းဝယ်ယူ ဖြည့်တင်းတဲ့အနေနဲ့ ဝယ်အားများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၉၅ ကျပ်(တစ်တန်ကို ၅၄၈ဝ၈၉ ကျပ်) နဲ့ နေ့စဉ်အိတ် ၃ဝဝ မှ ၄ဝဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြည်ဈေးကွက်မှာ ကုလားပဲကို မြို့ခံပဲခွဲစက်တွေအပြင် ရန်ကုန် အဆွဲကလည်း ပုံမှန်ရှိနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြောက်လာတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာကို ၈၉ဝ ကျပ်(တစ်တန်ကို ၅၄၅ဝ၂၇ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂၅ဝဝ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည် တစ်ဦးကဆိုပါတယ။် မကွေးဈေးကွက်မှာ ကုလားပဲကို ဒေသတွင်း ခွဲစက်တွေက ဝယ်အားသွက်လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကအမြင့်မှာရှိနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာကို ၈၈ဝ ကျပ်(တစ်တန်ကို ၅၃၈၉ဝ၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံခွဲ စက်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ ရေစကြိုဈေးကွက်မှာ ဒီတစ်ပတ်ကုလား ပဲကို မြို့ခံ ပဲခွဲစက်သမားတွေက အဆွဲပုံမှန်ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၆၈ ကျပ် (တစ်တန်ကို ၅၃၁၅၅၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။