သိပ္ပံနှမ်း စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ အောင်လံ ၁ ပိဿာ ၁၆၇ဝ ၁၇၈ဝ နှမ်းဖြူကို တရုတ်အဆွဲအေးပေမယ့် ဒေသတွင်း ဆီကြိတ်လုပ်ငန်းရှင်များ ဝယ်အားပုံမှန်ရှိနေ မန္တလေးဈေးကွက်မှာ နှမ်းဖြူကို တရုတ်အဆွဲ အေးပေမယ့် မြို့ခံဆီကြိတ်လုပ်ငန်းရှင်များက တစ်ပိဿာကို ၁၂၆၇ ကျပ်(တစ်တန် ကို ၇၇၅၈၉၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ မှ ၄ဝဝ ကြားအဆွဲပုံမှန်ရှိ ခဲ့ကြောင်း သိရပါတယ်။ မကွေးဈေးကွက်မှာ နှမ်းဖြူက ဈေးကွက် သို့အဝင်ပုံမှန်ရှိသလို မန္တလေးဝယ်လက်နဲ့ ဒေသတွင်းနှမ်းလှော်လက် များကလည်းဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး မြင့်လာပြီး တစ်ပိဿာကို ၁၂၇ဝ ကျပ် (တစ်တန်ကို ၇၇၇၇၃၅ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂၅ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။ သိပ္ပံနှမ်းကို ရန်ကုန်ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၇၈ဝ ကျပ်(တစ်တန်ကို ၁ဝ၉ဝဝ၅၄ ကျပ်)နဲ့ နေ့စဉ် အိတ် ၅ဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦး ကဆိုပါတယ်။
Background