၂ဝ၁၁ ခုနှစ် ကမ္ဘာ့ဆန်ကုန်သွယ်မှု ယခင်နှစ်ထက် ၆ ရာခိုင်နှုန်း ပိုမည်ဟု FAO ခန့်မှန်း
၂ဝ၁၁ ခုနှစ် ကမ္ဘာ့ဆန်ကုန်သွယ်မှု ယခင်နှစ်ထက် ၆ ရာခိုင်နှုန်း ပိုမည်ဟု FAO ခန့်မှန်း ၂ဝ၁၁ ခုနှစ်အတွင်း အာရှဆန်ထုတ်လုပ်မှုက တန်ချိန် ၆၄၉ ဒသမ ၈ သန်းအထိ ရောက်ရှိနိုင်ရာ ကမ္ဘာ့ဆန်ထုတ်လုပ်မှု စုစုပေါင်းပမာဏကို တန်ချိန် ၇၁၈ ဒသမ ၃ သန်းအထိ ရောက်ရှိစေကြောင်း FAO က ခန့်မှန်းထားတယ်။ ၎င်းပမာဏက ၂ဝ၁ဝ ခုနှစ် စံချိန်တင် ဆန်ထွက်နှုန်းထက် တန်ချိန် ၁၈ သန်း ကျော်လွန်ကြောင်း FAO ရဲ့ အာရှစားနပ်ရိက္ခာအခြေအနေ ဆိုင်ရာ နောက်ဆုံးထွက် အစီရင်ခံစာမှာ ဖော်ပြထားတယ်။ အာရှဆန်ထုတ်လုပ်မှု ခန့်မှန်းတန်ချိန် ၆၄၉ ဒသမ ၈ သန်းအနက် တန်ချိန်သန်းပေါင်း ၃၄ဝ ခန့်ကို တရုတ်နဲ့ အိန္ဒိယမှ စိုက်ပျိုးထွက်ရှိနိုင်တယ်လို့ FAO က ခန့်မှန်းထားတယ်။ အိန္ဒိယမှာ အစိုးရရဲ့ ဈေးနှုန်း အထောက်အပံ့အစီအစဉ် အကျိုးကျေးဇူးကြောင့် ဆန်ကိုတိုးခဲျ့စိုက်ပျိုးကြပြီး ၂ဝ၁၁ ခုနှစ် ဆန်ထွက်နှုန်းမှာ ၅ ရာခိုင်နှုန်းတိုးတက်လာဖွယ်ရှိကြောင်း FAO က ခန့်မှန်းထားတယ်။ ထိုင်းနိုင်ငံအစိုးရ အပြောင်းအလဲကြောင့် ကမ္ဘာ့ဆန်ဈေးကွက်မှာ ဇူလိုင်လမှစပြီး ယနေ့အထိ ဆန်ဈေးနှုန်းတွေ သိသိသာသာ မြင့်မားလာခဲ့တယ်။ ၂ဝ၁၁ ခုနှစ်အတွက် ကမ္ဘာ့ဆန်ကုန်သွယ်မှုကို တန်ချိန် ၃၃ ဒသမ ၂ သန်းခန့်မှန်းထားရာ ယခင်နှစ် ကုန်သွယ်မှုထက် ၆ ရာခိုင်နှုန်း ပိုမယ်လို့ FAO ၂ဝ၁၁ ခုနှစ် ကမ္ဘာ့ဆန်ကုန်သွယ်မှု ယခင်နှစ်ထက် ၆ ရာခိုင်နှုန်း ပိုမည်ဟု FAO ခန့်မှန်း က ခန့်မှန်းပါတယ်။ ဆန်ကုန်သွယ်မှု တိုးတက်ရခြင်းမှာ ဘင်္ဂလား ဒေ့ရှ်၊ တရုတ် ၊ အင်ဒိုနီးရှား၊ အီရန်နဲ့ နိုင်ဂျီးရီးယားတို့ရဲ့ ဆန်တင်သွင်းမှု ပမာဏမြင့်မားလာလို့ ဖြစ်တယ်လို့ FAO ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်။ ပပ Source:monstersandcritics.com
