အာဖရိကနိုင်ငံ အများစု၏ ဆန်ဝယ်လိုအား ဆွဲဆောင်နိုင်မှုအရှိဆုံး မြန်မာ့ဆန်
အာဖရိကနိုင်ငံ အများစု၏ ဆန်ဝယ်လိုအား ဆွဲဆောင်နိုင်မှုအရှိဆုံး မြန်မာ့ဆန် လောလောဆယ်မှာ အာဖရိကနိုင်ငံအများစုရဲ့ ဆန်ဝယ် လိုအား ဆွဲဆောင်နိုင်မှုအရှိဆုံးက မြန်မာ့ဆန် ဖြစ်လာကြောင်း Oryza သတင်းဌာနမှာ ဖော်ပြထားတယ်။ မြန်မာ့ဆန်ဖြူ ၂၅ ရာခိုင်နှုန်းရဲ့ ပြည်ပတင်ပို့တဲ့ ဈေးနှုန်း(FOB နှုန်း)က တစ်တန် ကို ကန်ဒေါ်လာ ၄၂ဝ-၄၃ဝ သာရှိရာ ကမ္ဘာ့ဆန်ဈေးကွက်မှာအသက်သာ ဆုံးနှုန်းထားဖြစ်တယ်။ အမျိုးအစားတူ ထိုင်းဆန်၊ ဗီယက်နမ်ဆန်နဲ့ ပါကစ္စတန်ဆန်ဈေးနှုန်းတွေမှာ ၅၃ဝ ဒေါ်လာ၊ ၅၂ဝဒေါ်လာနဲ့ ၄၈ဝ ဒေါ်လာစီဖြစ်တယ်။ဒါ့ကြောင့် ပါကစ္စတန်က ၎င်းရဲ့ ဆန်ဖြူ ၂၅ ရာခိုင်နှုန်းကို ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းရှိလာစေဖို့ သြဂုတ် ၁၈ ရက်မှ စပြီး ဆန် တစ်တန်ကို ၄၃၅ ဒေါ်လာအထိဈေးလျှော့ချလိုက်တယ်။ မြန်မာနိုင်ငံက ၎င်းရဲ့ ပို့ကုန်တွေ ပိုမိုတင်ပို့နိုင်ရေးအတွက် ဆန်အပါအဝင် ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရော်ဘာ၊ ရေချို၊ ရေငံ ထွက်ပစ္စည်းတွေနဲ့ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းများ (ကန့် သတ်ကုန်ပစ္စည်းများမှအပ) တို့တင်ပို့မှုအတွက် ပြည်ပပို့ ကုန်ရောင်းရငွေအပေါ် စည်းကြပ်ကောက်ခံတဲ့ ကုန်သွယ် လုပ်ငန်းခွန်ကင်းလွတ်ခွင့် ကို ၂ဝ၁၁ ခုနှစ် ၊ သြဂုတ်လ ၁၅ ရက်နေ့မှ ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်အထိ ၆ လကြာ ခွင့်ပြုတယ်။ ပပ Source:Oryza.com
