အညာစ အဝင်များ၊ ခရမ်းစ နည်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ သြဂုတ်လ ၁ဝ ရက်မှ ၁၆ ရက် ထိကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၈၄ဝ သန်း တန်ဖိုးရှိ စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးထွက် ပဲတီစိမ်း ၃၇၈၇ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၃၂ဝဝ ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခုအပတ်အတွင်းမှာ ပဲတီစိမ်းကား အစီး ၁၃ဝ ကျော်လောက်သာအဝင်ရှိပြီး၊ ယခင်အပတ်က ကား ၂၆ဝ ဝန်းကျင်အဝင်ရှိတာဖြစ်ပါတယ်။ ပဲတီစိမ်းအညာစများသာ အဝင်များပြီး ခရမ်းရွှေဝါ အဝင်နည်း လျက်ရှိပါတယ်။ မိမိဘက်ရော တစ်ဘက်နိုင်ငံမှာလည်း ဈေးများကျလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပဲတီစိမ်း ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၆ဝ၇၄၅၃ ၆၁၅၆၂ဝ ၈၁၆၇ ၁ .၃၄ ၈၁၅ ၉၃၁ ၁၁၆ ၁၂MIRT (DOBT)
Background