လတ်တလောဈေးမငြိမ်လို့ အိန္ဒိယကုလားပဲဝယ်လိုအားကျ လွန်ခဲ့သော ရက်သတ္တပတ်တွေက ဈေးနှုန်း အတန် အသင့်ခိုင်မာမှု ရှိပေမဲ့ ကုလားပဲဝယ်လိုအား အနည်းငယ်ကျကြောင်းသိရပါတယ်။ ဈေးကွက်မတည်ငြိမ်တာ ရေတိုသာဖြစ် ပြီး ပွဲတော်ရာသီအတွက် ဝယ်လိုအား မြင့်တက်လာနိုင်ဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ အိန္ဒိယအစိုးရရဲ့နောက်ဆုံး ခန့် မှန်းချက်အရ ၂ဝ၁ဝ-၁၁ မှာ ပဲမျိုးစုံထုတ်လုပ်မှုတန်ချိန် ၁၈ ဒသမ ဝ၉ သန်း ထုတ်လုပ်ဖွယ်ရှိပြီး ယခင်နှစ်ကထက် ၂၃ ရာခိုင်နှုန်းမြင့်တက်ဖွယ် ရှိကြောင်းသိရပါတယ်။ ဒါ့အပြင် အခြားပဲများဖြစ်တဲ့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံတို့ကို အဝယ်နည်း သွားနိုင်တာကြောင့် ကုလားပဲကိုဝယ်လိုအား ပိုမိုမြင့်တက်နိုင်ကြောင်းသိရပါတယ်။ မုတ်သုံမိုးက ပဲစိုက်တဲ့ပြည်နယ်တွေ ဖြစ်တဲ့ မဟာရပ်ရှ်တရာ၊ အင်ဒရာပရာဒေ့ရှ်တို့မှ အားကောင်းတာကြောင့် စိုက်ပျိုးထုတ်လုပ်မှုများ အားလုံးမြင့်တက် နိုင်ကြောင်းသိရပါတယ်။ ယခုလက်ရှိကာလမှာ ဈေးကွက်မငြိမ်သေးသော်လည်း လာမဲ့ရက်သတ္တပတ်များမှာ အရောင်း အဝယ်ကောင်းနိုင်ကြောင်း သတင်းရရှိပါတယ်။ K.Z.W,Source: commodity online
Background